Wednesday, November 21, 2012

တရုတ်အမျိုးသားများ၏သားမယားအဖြစ် ရောင်းချရန်လူကုန်ကူးခြင်းခံရသည့် မြန်မာမိန်းကလေးများ ပိုများလာခြင်း

Ever November | 11/21/2012 04:26:00 PM | | Best Blogger Tips

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများအနက် ၇၀ ရာခိုင်နှုန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  တရုတ်အမျိုးသားများနှင့် အဓမ္မ လက် ထပ်ပေါင်း သင်းရန် ပို့ဆောင်ခြင်းခံရသည့်  အမှုများ များပြားကြောင်း သိရသည်။    တရုတ်နိုင်ငံ၏ ထုံးတမ်းစဉ် လာအရ သားယောက်ျားလေးကို ဦးစားပေးမွေး ခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ အမျိုးသမီးဦးရေသည်
၂၀၀၀ ပြည့်နှစ် နောက်ပိုင်း၌  လျော့ နည်းလာသောကြောင့်  မြန်မာ နိုင်ငံမှ အမျိုးသမီးများကို အဓိက ထားအဓမ္မထိမ်းမြား လက်ထပ်ရန်အတွက် ပိုမိုပြုလုပ်လာကြောင်းလူကုန်ကူးမှု  တားဆီးနှိမ်နင်း ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရသိရသည်။
    ထိုကြောင့် တရုတ်နိုင်ငံ၏ အမျိုးသမီးလိုအပ်မှုမှာ အမြဲမြင့် မားလျက်ရှိသည့်အတွက် အိမ်နီး ချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ဗီယမ်နမ်မြောက်ပိုင်း တို့မှ အမျိုးသမီးများသည် အဆို ပါဈေးကွက်၏ သားကောင်များ ဖြစ်လာကြောင်း သိရသည်။
    ထို့အပြင် တရုတ်နိုင်ငံတွင် အသက်ကြီးရင့်သူ၊ ဆွံ့အသူ၊ စိတ် ပေါ့သွပ်သူများ၏ မိဘများက လည်း ငွေကြေးစိုက်ထုတ်၍ ဇနီး မယားအဖြစ် မြန်မာအမျိုးသမီး များအား ၀ယ်ယူ လာကြခြင်းဖြစ် ကြောင်း သိရသည်။
    တရုတ်နိုင်ငံတွင်  ထိမ်းမြား လက်ထပ်ရန် အဓမ္မပို့ဆောင်ခံရ သူများအနက် နှစ်ရှည်လများ ပေါင်းသင်းနေထိုင်ကြသူများ လည်း ရှိသလို အချို့အမျိုးသမီး များမှာ သားသမီးထွန်းကားပြီးပါ က ထပ်မံ၍  ဇနီးမယားအဖြစ်  ရောင်းစားခံရမှုများလည်း   ရှိ ကြောင်း သိရသည်။
    အများစု အမျိုးသမီး များမှာ တရားမ၀င်နေထိုင်သူများ အဖြစ် အဖမ်းခံကြရပြီး နယ်စပ် မှတစ်ဆင့် ပြန်လည်လွှဲပြောင်း ပေးလေ့ရှိကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးသည့်နောက် ၂၀၀၆-၂၀၁၀ နှစ်များအတွင်း သားသမီး သုံးဦးထွန်းကားသည်အထိ နေ
ထိုင်ခဲ့ရသည့်   အမျိုးသမီးများလည်းရှိကြောင်း သိရသည်။
    အဆိုပါ အမျိုးသမီးများထဲ မှ  ကံကောင်းသည့်  အမျိုးသမီး များသည်   စိတ်ကောင်းရှိသည့် တရုတ်အမျိုးသားများနှင့် လက် ထပ်ရသည်လည်း ရှိကြောင်း၊ သို့ သော် ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း သိရသည်။
    အချို့သော တရုတ်ရွာများ တွင် မြန်မာအမျိုးသမီး ၁၀ ဦးမှ ၁၅ ဦးအထိ ရောက်ရှိကာတရုတ်အမျိုးသားများနှင့်လက်ထပ်ပေါင်းသင်းနေထိုင်ကြပြီး   ၎င်းတို့နေ သည့်   ပတ်ဝန်းကျင်ရှိ   ဒေသခံ တရုတ်မိသားစုများနှင့် သင့်မြတ် မှုမရှိပါက ဒေသခံများက ရဲတပ်ဖွဲ့ သို့ တိုင်ကြားရာမှ အဖမ်းခံရပြီး နယ်စပ်တွင်  ပြန်လည်လွှဲပြောင်းပေးခြင်းခံကြရကြောင်း သိရသည်။
    တရုတ်နိုင်ငံသို့ လူကုန်ကူး ရန်ပို့ဆောင် ခံရသူအများစုသည် ပညာရည်နည်းပါးကြသူများ၊ စားဝတ်နေရေးခက်ခဲခြင်း၊ အိမ်ထောင် ကွဲများတွင် မိထွေး၊ ပထွေးတို့ကို ရှောင်ကြဉ်လိုခြင်း၊ လိင်ဖျော်ဖြေ ရေးနှင့် အခြားဖျော်ဖြေရေးလုပ် ငန်းများတွင် ဈေးကွက်မ၀င်တော့ ခြင်း၊ လက်ရှိဝင်ငွေထက် ပိုမိုရရှိ
မည်ဟု  မျှော်လင့်ခြင်း၊  တရုတ်အမျိုးသားများနှင့် ခဏသာ လက်ထပ်ရမည်၊ ၎င်းင်းပေးသည့် ရွှေ ငွေပစ္စည်းတို့ကိုရယူ ကာ ရက်ပိုင်း၊ လပိုင်းအတွင်း မြန်မာနိုင်ငံသို့ပြန်လာနိုင်မည်ဆိုသော ပွဲစား၏စကားကို ယုံလွယ်ခြင်း၊ နယ်စပ်ဒေသရှိ   တိုင်းရင်းသူများသည် တစ်ဖက်နိုင်ငံသို့ သွားရောက်၍ တရုတ်အမျိုးသားနှင့် လက်ထပ်ပေါင်းသင်းခြင်းကို သာမန်အလေ့အထတစ်ခုအဖြစ် မှတ်ယူကြခြင်း၊ ၎င်းင်းတို့၏ မိဘများကိုယ်တိုင် မိမိတို့၏ သမီးများကို ပြန်လည်ရောင်းစားခံရနိုင်သည်ကို မသိရှိခြင်းတို့ကြောင့်တရုတ်နိုင်ငံနှင့် လူကုန်ကူးမှုမှာ ပိုမိုမြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။
    တရုတ်နိုင်ငံသို့ ရောင်းစား ခံရသည့် အမျိုးသမီးများ၏အသက် မှာ ၁၅ နှစ်နှင့် ၁၆ နှစ်အကြား အမျိုးသမီးငယ်များ ပိုမိုများပြား လာပြီး မွေးကင်းစကလေးငယ်မှ ၅ နှစ်၊ ၆ နှစ်အထိ ကလေးငယ် များကိုလည်း အဓမ္မမွေးစားရန် ရောင်းစားခံရလေ့ရှိကြောင်း သိရ သည်။
    ၂၀၁၀ ခုနှစ်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ လူကုန်ကူး ခံရပြီး ပြန်လည်လွှဲပြောင်းပေးသူ ၁၃၈ ဦးအနက် ကျား ၂၁ ဦး၊ အမျိုးသမီး ၁၆၂ ဦး ပါဝင်သည်။ ယင်းထဲတွင် အသက်အကြီးဆုံး ၅၀ နှစ်အထက် အမျိုးသမီး ၂ ဦး၊ ၄၀ နှစ်မှ ၅၀ နှစ်အထိ အမျိုး သမီး ၉ ဦး၊ ၃၁ နှစ်မှ ၄၀ နှစ် အထိ အမျိုးသမီး ၂၀ ဦး၊ ၁၈ နှစ် မှ ၃၀ နှစ်အထိ အမျိုးသမီး ၁၀၃ ဦး၊ ၅ နှစ်မှ ၁၇ နှစ်အထိ အမျိုး သမီး ၂၁ ဦး၊ ၁၅ နှစ်အောက် အမျိုးသမီး ၇ ဦး ပါဝင်ကြောင်း သိရသည်။
    သို့ဖြစ်၍ မြန်မာနှင့် တရုတ် တို့သည် လူကုန်ကူးမှုတိုက်ဖျက် ရေးကို နှစ်နိုင်ငံအနေဖြင့်လည်း ကောင်း၊ ဒေသတွင်းနိုင်ငံများနှင့် လည်းကောင်း ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
7day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1