Wednesday, November 21, 2012

အွန်နရီကို နောက်တစ်ကြိမ် အငှား ခေါ်ယူနိုင်ကြောင်း ဝင်းဂါး အရိပ်အမြွက်ဆို

Ever November | 11/21/2012 03:51:00 PM | Best Blogger Tips
အာဆင်နယ်မှ အငှားခေါ်ယူဖွယ် ရှိသည့် အွန်နရီ

အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးက အသင်း၏ ဂန္ထဝင် တိုက်စစ်မှူးဟောင်း သီအာရီ အွန်နရီကို နောက်တစ်ကြိမ် အငှားခေါ်ယူမှု ပြုလုပ်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။
အာဆင်နယ်ကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူကာ အောင်မြင်မှုများစွာ ရယူပေးဖူးသော ပြင်သစ် လက်ရွေးစင်ဟောင်းသည် ယခုအခါ အမေရိကန်ကလပ် နယူးယော့ခ် ရက်ဒ်ဘူးလ်တွင် ကစားလျှက် ရှိသည်။ ၎င်းသည် ပြီးခဲ့သည့် ဆောင်းရာသီက အာဆင်နယ်သို့ ကာလတို အငှားစာချုပ် တစ်ရပ်ဖြင့် ပြန်လည်ရောက်ရှိကာ ကစားပေးခဲ့ဖူးသည်။ မန်နေဂျာ ဝင်းဂါးက မိမိတို့အတွက် အွန်နရီ နောက်တစ်ကြိမ် ကိုယ်စားပြုမှုမျိုးကို မြင်ရဖွယ် ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ပြင်သစ်သား မန်နေဂျာကြီးက "အွန်နရီက အသင်းအတွက် ဘာတွေ ပေးအပ်နိုင်တယ်၊ ဘာတွေ မျှော်လင့်စေနိုင်တယ် ဆိုတာကို ကျွန်တော်တို့ အားလုံးလည်း အသိပဲလေ။ သူဟာ အရန်အဖြစ် ဝင်ကစားပေးတာ ဖြစ်နေစေဦးတော့၊ ဒါဟာ အရေးကြီးတဲ့ အချက်တစ်ခုပါ။ သူဟာ ဉာဏ်ရည် ထက်မြက်ပြီး ထူးချွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ မနှစ်တုန်းက ဂါဗင်ဟို မကစားနိုင်ချိန်မှာ အွန်နရီကို ကျွန်တော်တို့ အငှားပြန်ခေါ်ခဲ့တယ်။ တကယ်လို့ ဒီနှစ်မှာလည်း အသင်း လူစာရင်း အပြောင်းအလဲ တစ်ခုခုရှိရင် ကျွန်တော်တို့ဟာ ကာလတို စီမံကိန်း တစ်ခုခုကို စဉ်းစားကောင်း စဉ်းစားရမှာပါ" ဟု ပြောဆိုသွားသည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1