Tuesday, November 27, 2012

ရန်ကုန်-မန္တလေးကားလမ်းမပေါ်ယာဉ်တိမ်းမှောက် တရုတ်အမျိုးသား သုံးဦးသေဆုံး

Ever November | 11/27/2012 07:11:00 PM | Best Blogger Tips
ရန်ကုန်-မန္တလေးကားလမ်းပေါ် တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်း ပြီးသေဆုံး သွားကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂျဲရိုးကာသည် မိုင်တိုင်အမှတ်၃၁၈/၂ အနီးတွင်
ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲလမ်းလယ် ကျွန်းကိုကျော်ကာ တစ်ဘက်ယာဉ်ကြောတွင် တိမ်မှောက်သွား ခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်တွင်လိုက်ပါလာသော တရုတ်အမျိုးသားများဖြစ်ကြသည့် လောင်ဒကီ၄၂နှစ်၊ ချိုင်ဂျော့လှိုင်၃၇နှစ်၊ မာဖူး၅၈နှစ်တို့ မှာနေရာ တွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

ကျန်ရှိသောလာရှားတောင်၃၅နှစ်နှင့် ယာဉ်မောင်းတို့မှာလည်ဒဏ်ရာပြင်းထန်သဖြင့်မန္တလေးဆေးရုံတွင် အတွင်းလူနာအဖြစ်တင်ထားရကြောင်း သိရသည်။ အဆိုယာဉ် တိမ်း မှောက်မှု ကိုပြင်စည်ရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
YMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1