Tuesday, November 27, 2012

လာလီဂါပြိုင်ပွဲ မပြီးဆုံးသေးဟု ဘာစီလိုနာ နည်းပြ ပြောကြား

Ever November | 11/27/2012 03:48:00 PM | Best Blogger Tips

ဘာစီလိုနာ နည်းပြ တီတို ဗီလာနိုဗာက ရီးယဲလ်မက်ဒရစ်ကို (၁၁)မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်သော်လည်း လာလီဂါ အမှတ်ပေးပြိုင်ပွဲ ပြီးဆုံး မသွားသေးဟု ပြောဆိုလိုက်သည်။
ရီးယဲလ် အသင်းသည် အမှတ်မထင် အခြေအနေ တစ်ခုအဖြစ် ရီးယဲလ်ဘီတစ်ကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့ပြီး ဘာစီလိုနာက လီဗန်တေးကို အဝေးကွင်းတွင် (၄-၀)ဖြင့် နိုင်ခဲ့သည့်နောက် (၂)သင်းကြား ရမှတ် ကွာဟချက်သည် (၁၁)မှတ်ထိ ရှိလာခဲ့သည်။ လာလီဂါတွင် ပုံမှန် ကြီးစိုးနေကျဖြစ်သည့် အဆိုပါ(၂)သင်း ယင်းပမာဏထိ အမှတ် ကွာဟသွားပြီးနောက် ရီးယဲလ် အနေဖြင့် ဘာစီလိုနာကို လိုက်မမီနိုင်တော့ဟု ခန့်မှန်းချက်များ ထွက်ပေါ် လာသော်လည်း ဗီလာနိုဗာက ပွဲမပြီးသေးဟု မိမိ ယူဆကြောင်း ပြောကြားသွားသည်။
ဗီလာနိုဗာက "ဒုတိယပိုင်းမှာ ဂိုးမြန်မြန် သွင်းနိုင်ခဲ့တာက ကျွန်တော်တို့ နိုင်ဖို့ ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။ လီဗန်တေးဟာ စုစည်းမှု သိပ်ကောင်းတဲ့ အသင်းဖြစ်တဲ့အတွက် ခက်ခဲမယ်လို့ ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ တကယ်လည်း ပထမပိုင်းမှာ သူတို့ဟာ အကောင်းဆုံး ကစားပြခဲ့တယ်"ဟု ဆိုသည်။ ၎င်းက ရီးယဲလ်နှင့် ယှဉ်ပြိုင်နေသည့် အလားအလာအပေါ် "ပြိုင်ပွဲ မပြီးသေးပါဘူး။ ကျွန်တော်တို့ဟာ လာလီဂါရဲ့ (၃)ချိုး၊ (၁)ချိုးထိပဲ ကစားရပါသေးတယ်။ ရီးယဲလ်ဟာ အန္တရာယ် ပေးနိုင်တုန်းပဲ ရှိသေးသလို အက်သလက်တီကို မက်ဒရစ်ဆိုရင်လည်း ကျွန်တော်တို့နောက်မှာ အားကောင်းမောင်းသန် ဖိအားပေးနေတုန်းပါ။ ကစားရမယ့်ပွဲတွေ အများကြီး ကျန်နေပါသေးတယ်"ဟု ပြောကြားခဲ့သည်။

၎င်းက အမှတ်ပေး ဇယား ဒုတိယ နေရာရောက် အက်သလက်တီကိုနှင့် ပတ်သက်ပြီးလည်း "ဒီရာသီ သူတို့အစကောင်းနေတယ်။ ကျွန်တော်တို့ဟာ သူတို့အသင်းကို အနိုင်ယူဖို့လည်း စူးစိုက် ကြိုးစားရပါမယ်။ ဘာပဲဖြစ်ဖြစ် ဘာစီလိုနာဟာ ကိုယ်လျှောက်နေတဲ့လမ်းအပေါ် အာရုံအပြည့် နှစ်ထားဖို့ လိုပါတယ်"ဟု မှတ်ချက်ပြုသွားသည်။
soccer myanmar 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1