မြန်မာနိုင်ငံသို့သွားရောက်မည့်၎င်း၏ခရီးစဉ်မှာ မြန်မာအစိုးရ၏ဒီမိုကရေစီဖော်ဆောင်ရေး ပြုပြင်ပြောင်းလဲမှု
များကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ
အိုဘားမားက ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၏
ဒီမိုကရေစီဖော်ဆောင်ရေးမှာ တိုးတက်မှုများရှိနေသည်ဟု သိရှိနားလည်းကြောင်း
ထိုင်းနိုင်ငံတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက
ပြောကြားသည်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ သွားရောက်ခြင်းမျာ
အချိန်စောလွန်နေသေးကြောင်း၊ ခိုင်မာသည့် ပြုပြင်ပြောင်းလဲမှုများ
ဖြစ်ပေါ်လာရန် လိုအပ်နေသေးကြောင်း လူ့အခွင့်အရေးအုပ်စုအချို့က
ဝေဖန်မှုများရှိခဲ့သည်။ သမ္မတအိုဘားမားအနေဖြင့်
ပြုပြင်ပြေင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာသမ္မတဦးသိန်းစိန်အား
လူမျိုးစုပဋိပက္ခနှင့် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍
ပိုမိုဆောင်ရွက်ရန် လူသိရှင်ကြား တွန်းအားပေးသွားမည်ဖြစ်သလို
သီးခြားတွေ့ဆုံစဉ်တွင်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က
ထုတ်ပြန်ပြောကြားသည်။
Planet.com.mm
No comments:
Post a Comment