Monday, November 19, 2012

အိုဘားမားမိန့်ခွန်းမှာ မြန်မာလို ထည့်ပြော

Ever November | 11/19/2012 04:20:00 PM | Best Blogger Tips

အခုလေးတင် ပြောပြီးသွားတဲ့ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းရှည်မှာ  အိုဘားမားက  မြန်မာလို ဖွင့်ပြီး မြန်မာလိုပဲ နုတ်ဆက် ထွက်ခွာသွားပါတယ်။
မိန့်ခွန်းအစမှာ မြန်မာနိုင်ငံ မင်္ဂလာပါ လို့ သူက နုတ်ဆက်ပါတယ်။

ကျနော် ဒီကို လာရောက်ရခြင်းဟာ ဒီနိုင်ငံဟာ အရေးပါလို့၊ လှပလို့၊ ဒီတက္ကသိုလ်ကို လေးစားလို့ ဖြစ်ပါတယ် စသဖြင့် ပရိသတ် သဘောကျကြတဲ့ အပြောတွေ၊ အရေးပါတဲ့ အကြောင်းအရာတွေ၊ မူဝါဒသဘောထားတွေကို ပြောသွားပါတယ်။

နိဂုံးချုပ်မှာတော့ ကျေးဇူးတင်ပါတယ်လို့ သူ့မိန့်ခွန်းကို မြန်မာဘာသာနဲ့  အဆုံးသတ်သွားပါတယ်။

ဒီနှစ်ခွန်း ဘယ်အချိန်တုန်းက သင်ထား လေ့လာထားသလဲ မသိရပါ။
ရုပ်မြင်သံကြားတွေကနေ တိုက်ရိုက်လွှင့်တဲ့ သူ့မိန့်ခွန်းကို ပြည်တွင်းပြည်ပ အနယ်နယ်က စိတ်ဝင်တစား စောင့်ကြည့်နားထောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း သူ့မိန့်ခွန်း ကောက်နုတ်ချက် အများအပြားကို တွစ်တာ စာမျက်နှာကနေ အဆက်မပြတ် တင်နေတာ တွေ့ခဲ့ရပါတယ်။
irrawaddy blog
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1