Monday, November 26, 2012

အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး လူထုလမ်းလျှောက်ပွဲ ကျင်းပ

Ever November | 11/26/2012 09:08:00 AM | Best Blogger Tips
နိုဝင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင် လမ်းလျှောက်နေသူများကို တွေ့ရစဉ်။

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုလမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မှာ ဒီမနက်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ နေရာတိုင်းမှာရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖြေရှင်းဆောင်ရွက်ပေးတာတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ပြုပြင်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီကနေ့လမ်းလျှောက်ပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက RFA ကို ပြောပါတယ်။

ဒီလူထုလမ်းလျှောက်ပွဲကို ပြည်တွင်းအရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေစုပေါင်းပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့အမျိုးသားဦးရေ စုစုပေါင်း ၂၅ဝ လောက်က အမျိုးသမီးတွေကို လေးစားတန်ဖိုးထားဖို့နဲ့ တန်းတူအခွင့်အရေးပေးဖို့ ရည်ရွယ်တဲ့စာတန်းဆိုင်းဘုတ် ၁၁ခုကို ကိုင်ဆောင်ပြီး ဒီကနေ့မနက် ၇နာရီမှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမကနေ ဗဟန်းမြို့နယ် ကန်တော်ကြီးဥယျာဉ်ထဲကို ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။ 
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1