Monday, November 26, 2012

တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးကျောင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ

Ever November | 11/26/2012 10:49:00 AM | Best Blogger Tips
တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းသား တွေ မန္တလေးေ ကျာင်းမှာ ပြန်နေဖို့ ပြည်ထောင်စု ဝန်ကြီး က သဘောတူလိုက်ပြီ လို့သိရပါ တယ်။စစ်ကိုင်းရွာသစ်ကြီး ကို ပြောင်းရွှေ့ ခဲ့ရတဲ့ ဖွံ့ဖြိုးရေး ကော လိပ် ကျော င်း သား ၆ဝဝ က ရွာသစ်ကြီး မှာ မနေချင်လို့ မန္တလေး ကျောင်းကို ချီတက် ဆန္ဒပြလို့ စနေနေ့ နေ့ခင်းက နယ်စပ် ဖွံ့ဖြိုးရေး ဝန်ကြီး ဦးသိန်းဌေးကလာတွေ့ပြီး မန္ဒလေးကျောင်း ပြန်ပြောင်း နိုင်ကြောင်း ကတိပေးတယ် လို့ ဆန္ဒပြ ကျောင်းသားတွေ က ပြောပါတယ်။

အရင်က ဆန္ဒပြ ကျောင်းသား တွေရဲ့ မိဘ တွေ ကို ကျောင်းသား တွေ ကို ပြန်ခေါ်ဖို့ ဖိအားပေးတာ တွေ ရှိခဲ့ပါတယ်။အခုတော့ မကြာခင် ကာလ အတွင်း ကျောင်းပြန်ပြောင်း ဖို့ ဖြေရှင်း ပေးမယ် လို့ ၀န်ကြီးက ပြောခဲ့ပြီး ကျောင်းသား တွေ အရင်နေခဲ့တဲ့ မန္တလေး က တိုင်းရင်းသား ဖွံ့ဖြိုးရေး ကောလိပ် ကျောင်းဆောင် တွေ မှာ နေလို့ ရသွားပါတယ်။

ကျောင်းသားတွေ ဘက်ကလည်း ကျောင်းဆောင် ကနေ ဘယ်မှ မသွားဘဲ ငြိမ်းချမ်းစွာ နေဖို့ ကတိပေး ခဲ့တယ် လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1