Wednesday, November 21, 2012

မန်စီးတီး ချန်ပီယံလိဂ် အုပ်စုမှ မတက်နိုင်ဟု မော်ရင်ဟို သုံးသပ်

Ever November | 11/21/2012 04:04:00 PM | Best Blogger Tips
မန်စီးတီးအား ဝေဖန်လိုက်သည့် မော်ရင်ဟို

မန်ချက်စတာ စီးတီးအတွက် ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ရေးသည် မျှော်လင့်ခွင့် မရှိတော့ဟု ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။
အင်္ဂလန် ချန်ပီယံ အသင်းသည် အိမ်ကွင်းတွင် ရီးယဲလ်ကို အနိုင်ရခဲ့ပါက အုပ်စုတက်ရေး မျှော်လင့်ခွင့် ငွေ့ငွေ့မျှ ရှင်သန်နိုင်သေးသော်လည်း ပေါ်တူဂီသား နည်းပြက ယင်းသည် လက်တွေ့မကျဟု သုံးသပ်ခဲ့သည်။ မော်ရင်ဟိုက မန်စီးတီးသည် (၂)နှစ်ဆက်တိုက် ချန်ပီယံလိဂ် အုပ်စုအဆင့်မှ ကျောခိုင်းထွက်ခွာရမည့် ကံကြမ္မာကို ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးနှင့် ချယ်လ်ဆီးတို့သည် ယနေ့ညတွင် အစ်တီဟတ်၌ ချန်ပီယံလိဂ် မရဏအုပ်စု ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မော်ရင်ဟိုက "မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသင့်လောက်တဲ့ အသင်းကြီး တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းကြီးတိုင်း ချန်ပီယံလိဂ် ဆုဖလားကို ရနေတာတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်မှာက ကိုယ်နဲ့တန်းတူ စွမ်းအင်၊ စိတ်ဆန္ဒ၊ စူးစိုက်မှုရှိတဲ့ တခြားကလပ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။ မနှစ်က မန်စီးတီးဟာ အုပ်စုက ထွက်ခဲ့ရပါတယ်။ ဒီနှစ်လည်း သူတို့ အဲဒီလို ထပ်ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို နိုင်ချင်နိုင်မယ်။ နောက်ဆုံးပွဲမှာ ဘိုရပ်ရှား ဒေါ့တ်မန်ကို ထပ်ပြီး နိုင်လိုက်ဦးတော့၊ ချန်ပီယံလိဂ်မှာ (၈)မှတ်ဟာ မလုံလောက်ဘူးလေ" ဟု ပြောဆိုခဲ့သည်။

၎င်းက "ဒီအခြေအနေကြောင့် (၂)နှစ်ဆက် အဖြစ် မန်စီးတီး ချန်ပီယံလိဂ် အုပ်စု အဆင့်က ထွက်ခွာရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ သူတို့အဖို့ အရမ်းခက်ခဲမှာတော့ သေချာပါတယ်"ဟုလည်း ကောက်ချက် ချသွားခဲ့သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1