Wednesday, November 21, 2012

ယူကရိန်းနိုင်ငံတွင် မီးသုံးကြိမ်လောင် ငါးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

Ever November | 11/21/2012 03:35:00 PM | Best Blogger Tips

ယူကရိန်းနိုင်ငံတွင် မီးလောင်ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားပြီး နေအိမ်များ မီးကူးစက်လောင်ကျွမ်းရာမှ ငါးဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။ ပထမမီးလောင်မှုသည် ယူကရိန်းနိုင်ငံ ချာနီဂေါ့ဒေသ မြောက်ပိုင်းရှိ ပုဂ္ဂလိက နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ကနဦးစုံစမ်းချက်များအရ အဆိုပါ မီးလောင်မှုသည် ဆေးလိပ်သောက်နေစဉ် သတိမမူမိရာမှ ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရေးပေါ် အခြေအနေ ဝန်ကြီးဌာနမှ ပြောကြားသည်။ ဒုတိယမီးလောင်မှုမှာ အိုဒီးရှားဒေသ တောင်ပိုင်းရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ကလေးငယ် နှစ်ဦးစလုံးမှာ အိမ်တစ်အိမ်တည်းမှ ဖြစ်သည်။ တတိယမီးလောင်မှုမှာ ကီလိုဗိုဂတ်ဒေသ အလယ်ပိုင်းရှိ ဇနီးမောင်နှံတစ်စုံ နေထိုင်သည့် အိမ်တွင် ယင်းနေ့ ဒေသစံတော်ချိန် ည ၂ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1