Friday, November 23, 2012

ချယ်လ်ဆီးကို အောင်မြင်မှုများ ရယူပေးမည်ဟု ဘင်နီတက်ဇ် ကြွေးကြော်

Ever November | 11/23/2012 02:30:00 PM | Best Blogger Tips
ချယ်လ်ဆီး၏ နည်းပြသစ် ဘင်နီတက်ဇ်

မိမိသည် ချယ်လ်ဆီး အသင်းကို အောင်မြင်မှု ဆုဖလားများ ရယူပေးရန် ရောက်ရှိလာခြင်းဟု ရာဖေးလ် ဘင်နီတက်ဇ်က ကြွေးကြော်လိုက်သည်။
စပိန်သား မန်နေဂျာကြီးသည် ချယ်လ်ဆီး၏ ဒုတိယ ဦးစားပေး ပစ်မှတ်သာဖြစ်ပြီး ရာသီကုန်တွင် ဂျိုးဆက် ဂွာဒီယိုလာကို ခေါ်ယူခန့်အပ်ခြင်း မပြုမီ အတောအတွင်း ကြားဖြတ် တာဝန်ယူရုံသာ ဖြစ်ကြောင်း သတင်းများက ဖော်ပြနေသော်လည်း ဘင်နီတက်ဇ်ကမူ ချယ်လ်ဆီးတွင် အောင်မြင်မှုများစွာ ရယူပေးနိုင်မည်ဟု ယုံကြည်နေသည်။ ချယ်လ်ဆီးသည် ဂျူဗင်းတပ်စ်ကို (၃-၀)ဖြင့် အရေးနိမ့်ကာ ချန်ပီယံလိဂ်တွင် အုပ်စုမှ လွတ်မြောက်ရေး ခက်ခဲသွားပြီးနောက် မန်နေဂျာ ရောဘတ်တို ဒီမက်တီယိုအား ထုတ်ပယ်ကာ ဘင်နီတက်ဇ်ဖြင့် အစားထိုးခဲ့သည်။
လီဗာပူးလ်နှင့် အင်တာမီလန်တို့ကို ကိုင်တွယ်ဖူးသည့် ဘင်နီတက်ဇ်က "ကျွန်တော် ဒီကို ရောက်လာတာက ချယ်လ်ဆီးကို ကိုင်တွယ်ဖို့ လိုလားလို့ ဖြစ်ပါတယ်။ ဒါဟာ ခမ်းနား ကြီးကျယ်တဲ့ အသင်းတစ်ခုပါ။ ပြီးတော့ ကျွန်တော့်အတွက် ဆုဖလားတွေ ရယူရေး တိုက်ပွဲဝင်ရာမှာ အထောက်အကူ ဖြစ်စေမယ်လေ"ဟု ဆိုသည်။ ၎င်းက "ကျွန်တော့် စာချုပ် သက်တမ်းကို ကျွန်တော် ဂရုမစိုက်ဘူး။ ခုအရေးကြီးတာက ကျွန်တော် ချယ်လ်ဆီးရောက်နေတယ်။ ဒီအလုပ်ကို တာဝန်ယူထားတယ်။ ကျွန်တော့်မှာ ချယ်လ်ဆီးအတွက် အရင်ကထက် ဆုဖလားတွေ ပိုရအောင် လုပ်ဆောင်ပေးဖို့ ဆန္ဒနဲ့ ဆာလောင်မွတ်သိပ်မှုတွေ ရှိနေတယ်။ ဒါအရေးအကြီးဆုံးပဲ"ဟုလည်း ပြောကြားသွားခဲ့သည်။  
၎င်းက တစ်ချိန်က လီဗာပူးလ်ကို ကိုင်တွယ်စဉ် ချယ်လ်ဆီးနှင့် အားပြိုင်မှု ပြင်းထန်ခဲ့ရာ ယခုအခါ ချယ်လ်ဆီးတွင် မန်နေဂျာ ဖြစ်လာခြင်းအပေါ် အသင်းဟောင်း ပရိသတ်က ခွင့်လွှတ်မည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ "ကျွန်တော် မျှော်လင့်တာ တစ်ခုကတော့ လီဗာပူးလ် ပရိသတ် တော်တော်များများက ကျွန်တော့်ကို အကောင်းဆုံး ဖြစ်စေဖို့ ဆန္ဒပြုကြမယ် ဆိုတာပါ။ ဒါဟာ လီဗာပူးလ်ကို ဆန့်ကျင်တာ မဟုတ်ဘူးလေ။ ကျွန်တော့်အတွက် သူတို့ ကောင်းစေချင်ကြမှာပါ"ဟု ဘင်နီတက်ဇ်က ပြောဆိုခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1