Friday, November 23, 2012

မနန်းခင်ဇေယျာ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ အလှူငွေ (၂) သိန်းကျပ်တိတိအား ထည့်ဝင်လှူဒါန်းခဲ့

Ever November | 11/23/2012 02:08:00 PM | Best Blogger Tips
ဂျပန်နိုင်ငံတွင်ကျင်းပသည့် အိုကီနာဝါကျွန်း ၂ဝ၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ သော မနန်းခင်ဇေယျာ သည် Miss Internet Award နှင့် အတူ People ChoiceAwardဆုနှစ်ဆုတို့အား ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးနောက်မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာသောအခါ မရမ်းချောင်း
ကျေးရွာရှိအနာကြီးဝေဒနာရှင်များထံသို့သွားရောက်ကုသိုလ်ပြုလှူဒါန်းမှုများ ပြုလုပ်ခဲ့သည့်အပြင်“အနိမ့်ကျ
ဆုံးသော ကုသိုလ်အလုပ်မျိုးကို မြင့်မြတ်သော နှလုံးသားရှိသူတို့သာ လုပ်ဆောင်နိုင်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး(စစ်ဘေး) အစ ရှိသည့် လူမှုရေးလုပ်ငန်းရပ်များအား စဉ်ဆက်မပြတ်(အခမဲ့)ကုသိုလ်ဖြစ် လုပ်ဆောင်ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၁.၁၁.၂ဝ၁၂ ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင်မနန်းခင်ဇေယျာသည်လာရောက်၍အလှူငွေ(၂)သိန်းကျပ်တိတိအားထည့်ဝင်လှူဒါန်းခဲ့သည်။

ထို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုလုပ်ငန်းရပ်များဖြစ်သည့် နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လုပ်ငန်းရပ်များအား ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများတို့မှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ထိုသို့ လေ့လာမှုပြုရာတွင် အသင်းတွင် သင်ကြားပို့ချပေးနေသောတက္ကသိုလ်ဝင်တန်းစာသင်စာကျက်ဝိုင်းသို့၎င်း၊ ကွန်ပြူတာသင်တန်း
သို့၎င်း၊ သုခအလင်းစာကြည့်တိုက်သို့၎င်း၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း တွင် ဆေးဝါးကုသနေကြသော လူနာများအား လိုက်လံကြည့်ရှု အားပေး ကာ မြန်မာ နိုင်ငံလူမှုရေးအသင်းအဖွဲ့များအား (၇) ရက်စခန်းသွင်း၍ သင်ကြားပေးနေသော “စွမ်းရည်မြှင့်သင်တန်း”မှ သင်တန်းသား/သူများနှင့် အချိန်ပိုင်း သင်တန်းနည်းပြတစ်ဦးဖြစ်သူ ကိုအလင်းဆက်(IR)တို့နှင့် ရင်းနှီးစွာ နှုတ်ဆက်စကားပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူးပေးခဲ့သည်။ ကိုအလင်းဆက်(IR)နှင့် ဥက္ကဋ္ဌ ဦးကျော်သူတို့မှ မိမိ၏ အောင်မြင်မှု
ကိုလူမှုရေးလုပ်ငန်းရပ်များတွင်အသုံးချကာတိုင်းပြည်အတွက်အကျိုးရှိမည့် ပေးဆပ်မှုများလုပ်ဆောင်ပေးရန် တိုက်တွန်းစကားဆိုခဲ့သည်။ ထို့နောက် မနန်းခင်ဇေယျာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများ၏ လူမှုရေးပေးဆပ်မှုများအား ကိုယ်တိုင်မြင်တွေ့ခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့အား တွေ့ဆုံခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လုပ်အားပေးအဖြစ်ဝင်ရောက်လုပ်ကိုင်လိုကြောင်း ပြောကြား ဆွေးနွေးမှု
များပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ မြန်မာပြည်သူလူထုတို့၏ ချစ်ခင်အားပေးခြင်းကိုခံယူခဲ့ရကာအများပြည်သူတို့၏ အင်တာနက်မဲဆန္ဒကြောင့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်၊မြန်မာ့အလှကို ကမ္ဘာမှသိရှိအောင် စွမ်းဆောင်ပေးခဲ့သောမြန်မာအမျိုးသမီးငယ်တစ်ဦးဖြစ်သူ မနန်းခင်ဇေယျာသည် အများပြည်သူတို့
အတွက်ကူညီ ဖေးမပေးနေသောနာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လာရောက်၍လုပ်အားဒါနများ ပြု
လုပ်ပေးမည်ဟုဆိုခြင်းသည် မြန်မာပြည်သူ/သားတို့အား ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်တော့သည်။ မနန်းခင်ဇေ ယျာနှင့် ဂုဏ်ပြုကဒ်ပြား လက်ခံမှုအား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပြီး၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်မထွက်ခွာမီ မိမိအနေဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အချိန်ပေး၍ နာရေးကူညီမှု (ဈာပနလမ်း ကြောင်း)တွင် လုပ်အားပေးနိုင်ရန် ကြိုးစားပါမည်ဟု ဝမ်းသာ
အားရပြောကြားခဲ့သည်။
 
Myanmar Online News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1