Tuesday, November 27, 2012

ရုရှား အာတိတ်ဒေသအတွင်း ရာသီဥတုပြောင်းလဲမှု လက္ခဏာသစ်များ ဖြစ်ပေါ်

Ever November | 11/27/2012 04:43:00 PM | Best Blogger Tips

ရုရှားနိုင်ငံအာတိတ်ဒေသအတွင်းရာသီဥတုပြောင်းလဲမှုလက္ခဏာများအဖြစ် ရေခဲဖုံးလွှမ်းမှုများ လျော့နည်း
လာပြီး ၄င်းနေရာတွင် အသက်ရှင်နေထိုင်သော မျိုးစိတ်များ လျော့ကျခဲ့ကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက် များအရ သိရသည်။ သိပ္ပံပညာရှင်များသည် အာတိတ်ဖရန့်ဇ်ဂျိုးဆက်(ဖ်) ကုန်းမြေ၌ သုံးလကြာ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များသည် ကျွန်း ၁၉၁ ကျွန်းမှ ကျွန်းစု ၄၂ ခုအား စူးစမ်းလေ့လာခဲ့ရာ၌ ၄င်းကျွန်းများရှိ ရေခဲလွှာများသည် ၁၉၅၇ ခုနှစ်က စူးစမ်းလေ့လာထားသည်ထက် ရေခဲလွှာများ လျော့ကျခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါလေ့လာရေး အဖွဲ့၌ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်၊ ပထဝီမြေထုလေ့လာရေး ပညာရှင်၊ သတ္တဗေဒပညာရှင်နှင့် ရုက္ခဗေဒ ပညာရှင်များ အပါအဝင် သိပ္ပံပညာရှင် ရှစ်ဦးပါဝင်ခဲ့ကြပြီး ၄င်းကျွန်းစုများအား မြေပုံသစ်တစ်ခု မှတ်တမ်းတင်ရေးဆွဲ၍ ရှားပါးမျိုးစိတ်များကို စာရင်းပြုစုခဲ့ကြကြောင်း သိရသည်။ ထိုကဲ့သို့ လေ့လာမှုများအရ ငှက်မျိုးစိတ် ၂ဝ အနက် အထူးသဖြင့် အမြီးရှည်စင်ရော်ငှက်နှင့် အမြီးရှည်ဘဲ ကဲ့သို့သော ငှက်မျိုးစိတ် နှစ်ခုအပါအဝင် ငှက်မျိုးစိတ် လေးမျိုးကို ၄င်းဒေသ၌ မတွေ့ရှိရတော့ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1