Tuesday, November 27, 2012

ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်မှုဖြစ်ပွား

Ever November | 11/27/2012 03:57:00 PM | Best Blogger Tips
ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင်စာစစ်ဌာ န၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇွဲကပင်ဆောင် စာစစ်ဌာန၏ အနောက်ဘက် ဧရာဝတီတိုင်းဒေသကြီး စာစစ်စာရင်းများထားရှိသည့် အခန်းတွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၆ နာရီခွဲက စတင်ခဲ့ခြင်းဖြစ်သည်။
 
မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ အရာရှိတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် စုံမ်စးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

"မီးခိုးတွေအူပြီးထွက်လာတာတော်တော်ကြာနေပြီ။ နောက်မှမီးလောင်နေမှန်းသိတာ"ဇွဲကပင်ဆောင်အနီး
တွင် ဈေးရောင်းချနေသူ ဈေးသည်တစ်ဦးက ပြောသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ဇွဲကပင်ဆောင်သို့ဆက်သွယ်မေးမြန်းရာလတ်တလောတွင် ပြောပြပေးနိုင်ခြင်း မရှိကြောင်းမီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို စုံစမ်းနေသေးကြောင်း ပြန်လည်ပြောကြားသည်။

ယင်းမီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မီးသတ်ယာဉ်စုစုပေါင်း ၁၇ စီးမီးသတ်အင်အား ၁၂ ကျော်ဖြင့်မီးငြှိမ်းသတ်ခဲ့ကြောင်း လှိုင်မြို့နယ်မီးသတ်စခန်းမှ ထုတ်ပြန်သည်။

ဓာတ်ပုံ - ကျော်ဇင်သန်း
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1