Friday, November 23, 2012

လီဗာပူးလ်တွင် အောင်မြင်သော ကစားသမား တစ်ဦး ဖြစ်လာရန် ကိုးလ်မျှော်လင့်နေဆဲ

Ever November | 11/23/2012 01:24:00 PM | Best Blogger Tips
လီဗာပူးလ်အတွက် ဂိုးသွင်းနိုင်ခဲ့သည့် ကိုးလ်

လီဗာပူးလ်တွင် အောင်မြင်သော ကစားသမား ဘဝမျိုး မိမိ ရယူနိုင်ဆဲဟု ကွင်းလယ် ကစားသမား ဂျိုးကိုးလ်က ပြောကြားလိုက်သည်။
အင်္ဂလန် လက်ရွေးစင်ဟောင်း ကိုးလ်သည် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်ကို (၂)ဂိုးစီ သရေကျသည့် ယူရိုပါလိဂ် ပွဲစဉ်တွင် လီဗာပူးလ်အတွက် ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါပွဲ ရလဒ်သည် လီဗာပူးလ်အတွက်မူ အကျပ်အတည်းတစ်ခု ဖြစ်လာစေပြီး ယူရိုပါလိဂ် ရှုံးထွက်အဆင့် တက်ရောက်ရေးအတွက် အီတလီကလပ် အူဒီးနီးစ်ကို မဖြစ်မနေ အနိုင်ကစားရန် လိုအပ်လာနေပြီ ဖြစ်သည်။ ကိုးလ်သည် လိုင်လီတွင် အငှားကစားရာမှ မိခင်ကလပ်သို့ ပြန်လာပြီးနောက် ယင်းပွဲစဉ်တွင် ခြေစွမ်း အပေါ်လွင်ဆုံး ပြသနိုင်ခဲ့သည်။
ကိုးလ်က "ကျွန်တော်က ဝက်စ်ဟမ်းယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ လိုင်လီတို့မှာ ကစားသမားကောင်း တစ်ယောက်အဖြစ် ရပ်တည်ပြခဲ့ပါတယ်။ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလ်မှာလည်း ကစားသမားကောင်း တစ်ယောက်ဖြစ်အောင် ကျွန်တော် လုပ်ဆောင်နိုင်မှာပါ။ ကျွန်တော် ဝင်ကစားရတဲ့ ပွဲစဉ်တွေ တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာသလို ခံစားရပါတယ်။ ကစားသမား တစ်ယောက်က ပွဲတိုင်း ကစားချင်တာ မဆန်းပါဘူး။ ကျွန်တော့် တံကောက်ကြော ဒဏ်ရာကနေ ပြန်လာပြီး ဒါဟာ (၃)ပွဲပဲ ရှိပါသေးတယ်။ ခုတော့ ကျွန်တော် နေလို့ထိုင်လို့ ကောင်းပါတယ်"ဟု ဆိုသည်။
ကိုးလ်က ယန်းဘွိုင်းစ်အသင်းအား နောက်ကျချေပဂိုး သွင်းခွင့်ပြုလိုက်ရခြင်းနှင့် ပတ်သက်ပြီး "စိတ်ပျက်စရာပါ။ ဒီဂိုးက ပွဲအဖြေကို လုံးဝ ပြောင်းသွားစေတယ်။ ကျွန်တော်တို့ အသင်းမှာ အတွေ့အကြုံပိုင်း နုနယ်တဲ့ လူငယ်လေးတချို့ ပါဝင်ခဲ့တယ် ဆိုပေမယ့် ပွဲကို အစောကြီးကတည်းက ရလဒ်ပြတ်သားအောင် လုပ်နိုင်ခဲ့သင့်တာ ဖြစ်ပါတယ်။ မျှမျှတတ တွေးရရင် ပြိုင်ဘက်အသင်းက လူငယ်လေးတွေရဲ့ အားထုတ်မှုကိုလည်း ချီးကျူးရမှာပါ"ဟု ပြောကြားသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1