Friday, November 23, 2012

ဒရော့ဂ်ဘာ၏ အထူး အခွင့်အရေးဖြင့် အသင်းပြောင်းရန် တောင်းဆိုမှုကို FIFAငြင်းပယ်

Ever November | 11/23/2012 01:32:00 PM | Best Blogger Tips
အသင်းဟောင်းထံ ပြန်ချင်နေသည့် ဒရော့ဂ်ဘာ

ဇန်နဝါရီ ဈေးကွက်ဖွင့်ချိန် မတိုင်မီ စောစီးစွာ အသင်းပြောင်းရန် အထူးခွင့်ပြုချက် တောင်းခံလာသည့် ဒီဒီရာ ဒရော့ဂ်ဘာ၏ ပန်ကြားချက်အား FIFAက ပယ်ချလိုက်သည်။
တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာနှင့် ဘောလုံးရာသီ ကုန်ဆုံးပြီးနောက် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးက ဥရောပသို့ ပြောင်းရွှေ့ခွင့် ပြုပါရန် FIFAသို့ စာတင်ခဲ့ခြင်း ဖြစ်သည်။ အသက်(၃၄)နှစ်ရှိ ကစားသမားသည် အသင်းဟောင်း ချယ်လ်ဆီးသို့ ပြန်သွားရန် စီစဉ်နေခြင်းဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း ဇန်နဝါရီ (၁)ရက်နေ့မှသာ ကစားသမားများ အသင်းအပြောင်းအရွှေ့ ပြုလုပ်ရန် ခွင့်ပြုထားသည့် စည်းမျဉ်းကို ခြွင်းချက်မထားရန် FIFAက ဆုံးဖြတ်လိုက်သည်။
ဒရော့ဂ်ဘာသည် ဥရောပ ဘောလုံးလောကတွင် ဒီဇင်ဘာလအတွင်း ဝင်ကစားနိုင်ရေးအတွက် FIFAထံ အထူးခွင့်ပြုချက် တောင်းခံခဲ့ခြင်း ဖြစ်သည်။ ၎င်းက အာဖရိကဖလား စတင်မည့် ဇန်နဝါရီလ (၁၉)ရက်နေ့ မတိုင်မီ မိမိ၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းထားလို၍ ယခုလို တောင်းဆိုခဲ့ခြင်းဟု FIFAထံ အကြောင်းပြခဲ့သည်။ FIFAက "ဒရော့ဂ်ဘာဟာ သတ်မှတ် အပြောင်းအရွှေ့ ကာလ မဟုတ်တဲ့ အတောအတွင်းမှာ တခြားအသင်း တစ်ခုမှာ မှတ်ပုံတင်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ပြန်ကြားနိုင်တာက တစ်နှစ်တာအတွင်း ခွင့်ပြုထားတဲ့ သတ်မှတ် အပြောင်းအရွှေ့ ကာလအတွင်းမှာပဲ အသင်းပြောင်းခွင့် ပေးမယ် ဆိုတာပါ"ဟု ဆိုသည်။

FIFAသည် မိမိတို့ အနေဖြင့် အဆိုပါ အခြေအနေမျိုးကို ခွင့်ပြုမည့် တစ်ခုတည်းသော ခြွင်းချက်မှာ ကစားသမားသည် အသင်းတစ်သင်းနှင့် စာချုပ်လက်ကိုင် ရှိမနေမှ ဖြစ်လိမ့်မည်ဟုလည်း ရှင်းလင်းသွားခဲ့သည်။ 
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1