Tuesday, November 27, 2012

ရင်သားကင်ဆာ ကင်းဝေးအောင် အမျိုးသမီးများ အနေဖြင့် အသက် ၄၀ အရွယ်ရောက်လျှင် mammography ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်သင့်

Ever November | 11/27/2012 07:22:00 PM | Best Blogger Tips
လုံလောက်သော စစ်ဆေးမှုများ မပြုလုပ်ခြင်းကြောင့် မလေးအမျိုးသမီးများသည် ရောဂါဒုတိယ အဆင့်ရောက်မှရောဂါအမည်ကို ရှာဖွေဖော်ထုတ် သိရှိကြသည်ဟု ရင်သားကင်ဆာ တိုက်ဖျက်ရေး စင်ကာပူ-မလေးရှား ပူးပေါင်း သုတေသန အဖွဲ့မှ ထုတ်ဖော် ပြောကြားလိုက်သည်။၁၉၉၀ ခုနှစ်မှ ၂၀၀၇ အတွင်း Singapore's National University Hospital နှင့်
University Malaya Medical Centre မှ အမျိုးသမီး လူနာ ၅၂၀၀ ကို စတင် စစ်ဆေးခဲ့ရာ လူမျိုးစုအလိုက် တရုတ်လူမျိုး ၃၇၀၀ ၊ မလေးလူမျိုး ၉၇၀ နှင့် အိန္ဒိယ လူမျိုး ၅၃၀ တို့သည် ရင်သားကင်ဆာ

ဝေဒနာ ခံစားနေရကြောင်း တွေ့ရှိရသည်။ မလေး အမျိုးသမီးများသည် tumour အရွယ်အစားကြီးချိန် ဒုတိယ အဆင့်တွင်မှ ရောဂါကို ရှာဖွေ
တွေ့ရှိသည့် သဘောဖြစ်သည်။ အဆိုပါ အဆင့်သည်အန္တရာယ်ပေးနိုင်သည့်
အနေအထားတွင်ရှိပြီးကုသရန် ပထမအဆင့်ထက် ခက်ခဲရှုပ်ထွေးလာ
ကြောင်း တွေ့ရသည်။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် အသက် ၄၀ အရွယ်ရောက်လျှင် mammography ဖြင့် စစ်ဆေးမှုများ မပျက်မကွက် လုပ်ဆောင်သင့်ကြောင်း အဆိုပါ National University Cancer Institute Singapore မှ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် Dr Lee Soo Chin မှ တိုက်တွန်း ပြောကြားထားသည်။ စင်ကာပူ နိုင်ငံတွင် တစ်နှစ်လျှင် ရင်သားကင်ဆာ ဝေဒနာရှင် ပေါင်း ၁၅၀၀ ခန့်ကို ကုသပေးလျက်ရှိသည်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1