Friday, December 7, 2012

ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ ၂၆၁ ဦး ခေါ်ယူ

Ever November | 12/07/2012 05:56:00 PM | Best Blogger Tips

ပထမဆုံးအကြိမ်အဖြစ် အမျိုးသားစီမံ ခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ B.A (Tourism) အတွက် ကျောင်းသားဦးရေ ၂၆၁ ဦးကို ရွေးချယ်ဝင်ခွင့်ပြုထားကြောင်း အဆိုပါကျောင်းမှ သိရသည်။

 
"ဘွဲ့သင်တန်းက ဒီနှစ်မှ စတာပါ။ ပထမအကြိမ်ပေါ့။ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်မယ်။ ရန်ကုန်မှာ ၁၃၁ ယောက်၊ မန္တလေးမှာ ၁၃၀ ၀င်ခွင့်ရတယ်။ ၀င်ခွင့် အနိမ့်ဆုံးရမှတ်က ရန်ကုန်မှာ၄၆၄ မှတ်၊ မန္တလေးမှာ ၄၅၂ မှတ်ပါ"ဟု ရန်ကုန် အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်မှကျောင်း အုပ်ကြီး ပါမောက္ခ ဒေါက်တာ သန်းဝင်းက ပြောသည်။

အဆိုပါဘွဲ့သင်တန်းမှာ လေးနှစ်သင် တန်းဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ် အလိုက် ကမ္ဘာလှည့်ခရီးသွား စီမံခန့်ခွဲ ရေးလုပ်ငန်းဆိုင်ရာ အကြောင်းအရာ များကိုဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့မှလာရောက် ဆွေးနွေး
သင်ကြားကြမည်ဖြစ်သည်။

"သင်ကြားမယ့် ဆရာတွေကတော့ ဆရာတို့ဆီမှာ အရင်က DTSM ဘွဲ့ရ ဆရာတွေရှိပြီးသားလေ၊ ပြီးတော့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ မာစတာတွေ၊ ပီအိပ်ခ်ျဒီတွေရပြီးသား ဆရာတွေ လာသင်မယ်။ သူတို့က ဟိုတယ်/ခရီးကဖိတ်တဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွေ တက် ထားကြပြီး သားတွေ၊ အဲလို အတွေ့ အကြုံ တွေရှိတဲ့ ဆရာ၊ ဆရာမတွေသင်မယ်။ ဟိုတယ်/ခရီးက ဦးစီးအရာရှိတွေ၊ပညာ ရှင်တွေ လာသင်မယ်"ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် တွင် ဘွဲ့လွန်ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဒီပလိုမာ သင်တန်းကို ၂၀၀၅-၀၆ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ စတုတ္ထအကြိမ်အထိဒီပလိုမာရရှိပြီး
သူပေါင်း ၁၃၀ ရှိပြီဖြစ် ကြောင်း သိရသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ကို ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြား ပို့ချနေသော ဘာသာရပ်များမှာစီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ သတင်း အတတ်ပညာ ဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်တို့ဖြစ်ကာ အသိ အမှတ်ပြုဘွဲ့ အပ်နှင်း သည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်နှင့်ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ဖြစ်ကြသည်။

Myanmar Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1