Friday, December 7, 2012

အိန္ဒိယနိုင်ငံနာဂပွဲတော်ကို သွားရောက်လေ့လာတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

Ever November | 12/07/2012 05:29:00 PM | Best Blogger Tips

ဒါရိုက်တာကြည်ဖြူသျှင်ကအိန္ဒိယနိုင်ငံနာဂပွဲတော်ကိုသွားရောက်လေ့လာဖို့အတွက် နိုဝင်ဘာ၂၉ရက်နေ့က ထွက်ခွာသွားပြီဖြစ်ပါတယ်။နာဂပွဲတော်ကိုသွား ရောက်လေ့လာခြင်းကနာဂရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့
အတွက်ကြောင့်လည်းပါ ကြောင်းဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

"အဓိကသွားမှာက နာဂလန်းကိုသွား မှာ၊ နယူးဒေလီက တစ်ဆင့် သွားရမယ်။ နာဂဇာတ်ကားကို ရိုက်ဖို့အတွက်က အိပ် မက်တစ်ခုပါ။ လွန်ခဲ့တဲ့၆နှစ်လောက်ကတည်း ကရိုက်ချင်ခဲ့တဲ့ အကြီးမားဆုံးအိပ်မက်ပဲ။ ကံ ကောင်းချင်တော့ နာဂအဖွဲ့အစည်းနဲ့ ချိတ်ဆက်မိတယ်။ ဒီလို ရိုက်ကူး ချင်တာကို သူတို့ ကလည်း သိတော့ နာဂလူမျိုးတွေအကြောင်း ကမ္ဘာကို သိစေချင်တယ်။ ပထမ လာဆက်သွယ်တာက မြန်မာနိုင်ငံ က နာဂဟေးလ် တွေ ကအရင်ပေါ့။အရင်ကတည်းက သူတို့ လူမျိုး တွေ ရဲ့လက်မှုပညာတွေ၊ အသုံးအဆောင် တွေက တအားအနုပညာမြောက်လို့ တအား ရိုက်ချင်တာ။ နာဂမှာက နှစ်မျိုးရှိတယ်။ အိန္ဒိယမှာလည်း ရှိတယ်။ အဲဒီနာဂတွေက တအားတိုးတက်တယ်။ ပွဲတော်ချိန်မှာလည်း တကယ့် ရိုးရာအတိုင်းကျင်းပတော့ စိတ်ဝင် စားတယ်။ ကိုယ့်ကို လာဆက် သွယ်တော့ နှစ် ခုလုံးကို စိတ်ဝင်စားတယ်လို့ ပြောပြလိုက် တယ်။ အိန္ဒိယက နာဂလန်းနဲ့ ပတ်သက် ရင် တအားကြော်ငြာတော့ သူတို့တိုင်းပြည်က လူမျိုးတစ်မျိုးပေါ့။ အဲဒီနာဂလန်းတွေရဲ့ ပွဲ တော်ဆို ကမ္ဘာအရပ်ရပ် က နိုင်ငံခြားသား တွေလာကြတယ်။ ပွဲတော်က ၆ရက် ကျင်းပ တယ်။ သွားရင် အဲဒီက လူကြီးတွေနဲ့လည်း တွေ့ခဲ့မယ်။ ကိုယ်က သိလာတာက နာဂ ဆိုရင် တကယ်ကို ရှေးကျတဲ့လူမျိုးတွေလို့ ထင်ရတယ်။ အဲဒီလူမျိုးတွေ ထဲက တကယ် ထက်မြက်ပြီးတော်တဲ့ ပညာရှင်တွေရှိတယ်လို့ သိစေချင်တယ်။ အပေါ်ယံကြည့်တာထက် ဒီလိုမျိုးတွေရှိတယ်လို့ ရည်ရွယ်ချက်နဲ့ပါ"လို့ ပြောပြပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့အခါ မြန်မာ သရုပ်ဆောင်တွေ အပြင် နာဂ သရုပ်ဆောင်တွေ နဲ့ ပါ ရိုက်ကူးဖြစ်မယ်လို့လည်း ဒါရိုက်တာကြည်ဖြူသျှင် က ပြောပြပါတယ်။

"ဇာတ်ကားကိုတော့ ဗိုလ်ချုပ်ဇာတ်ကား ပြီးမှ ရိုက်ချင်တယ်။ ဗိုလ်ချုပ် ဇာတ်ကား မရိုက်ခင်ဆိုရင် မြန်မြန်ဆန်ဆန်ကြီးလည်း မလုပ်ချင်ဘူး။ နာဂ ဇာတ်ကားကို သေသေ ချာချာပြင်ဆင်ပြီး လုပ်ချင်တယ်။ ကင်မရာ ၊လိုက်တင်က အစ တကယ်အင်တာနေရှင် နယ်ကျကျလုပ်ချင်တယ်။ ကိုယ့်အိပ်မက်ကြီး ကိုတကယ် အကောင်အထည် ဖော်ခွင့်ရတဲ့ အချိန်မှာ ထိုက်ထိုက်တန်တန်နဲ့ အကောင်း ဆုံး လုပ်ချင်တယ်။ နောက်ထပ် တိုင်းရင်း သားတွေလည်း တစ်မျိုးပြီး တစ်မျိုးဖော်ထုတ် ရိုက်သွားမယ်။ ဒါမှ ကမ္ဘာက ကိုယ့် တိုင်းရင်းသား လူမျိုးတွေ အကြောင်းကို သိမယ်။

ကယန်းဆိုလည်း ဦးအောင်ကိုလတ် ရိုက်ပြီး သွားပြီ။ ကမ္ဘာကို သိအောင် ပြလိုက်ပြီ။ အခု ရိုက်တာက မြန်မာမင်းသား၊မင်းသမီး၊ နာဂက မင်းသား၊မင်းသမီးတွေ ပါမယ်။ ပြန် ရောက်ရင်ဇာတ်ကိုစတည်မယ်။ သွားရင်းနဲ့ မှတ်တမ်းအနေနဲ့ ရိုက်ခဲ့မယ်။ ပွဲတော်က ၁ရက်နေ့စမှာ ဆိုပေမယ့် ၃ရက်လောက် ပဲ နေမယ်။ နောက်နှစ်ကျရင်တော့ အစ အဆုံး နေမယ်။ နိုင်ငံခြား မှာသွားရိုက်တယ် ဆိုတာ မမြင်ဖူးတဲ့ လိုကေးရှင်းသစ်တွေ သွားရိုက် တာပါ။ ခေတ်ဆန်း၊ခေတ်မီတာမှ အသစ် မဟုတ်ဘူး။ ရှေးကျတာလည်း မမြင်ဖူးတော့ အသစ်ပဲ။ အခုဆို ဆင်ဆာမူဝါဒတွေ အများ ကြီးလျော့ကျလာပြီ ဆိုတော့ အကောင်း ဆုံး ဖြစ်အောင် ဖန်တီးသွားမယ်"လို့ ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1