Monday, December 3, 2012

ယူကရိန်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် စစ်ဘက်အရာရှိ လေးဦး သေဆုံး

Ever November | 12/03/2012 12:50:00 PM | Best Blogger Tips

ယူကရန်းနိုင်ငံတောင်ပိုင်း နီကိုလာယက် ဒေသတွင် အစိုးရတပ်ဖွဲ့ အရာရှိလေးဦးအား တင်ဆောင်မောင်းနှင်လာသည့် ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီးနောက် စစ်ဘက်အရာရှိကြီး လေးဦးစလုံး သေဆုံးခဲ့ကြောင်း ယူကရိန်း အရေးပေါ် အခြေအနေ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားသည်။ အဆိုပါ မတော်တဆဖြစ်မှုသည် နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီမိနစ် ၂ဝ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားတစ်စီးသည် မျက်နှာချင်းဆိုင် လမ်းကျဉ်းတစ်ခုအတွင်းသို့ ဝင်ရောက်လာချိန်တွင် စစ်ဘက်အရာရှိများ တင်ဆောင် မောင်းနှင်လာသောကားလည်း အဆိုပါ လမ်းကျဉ်းတစ်ခုအတွင်းသို့ ဝင်ရောက်မောင်းနှင်လာရာမှ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1