တကြိမ်နှစ်ကြိမ်
သုံးကြိမ်ကန်တော့
မန်လျော့ပါ၏
ဤသစ္စာ စကားကြောင့်
အရှင်ဘုရား ဒီမိုကရေစီ ရရှိပါစေသား ။။။။။။။။
(ခ )
အကြိမ်တရာ
အခါတထောင်
ယောင်၍ဆိုကြ
ထောင်ထဲမှာကော
ပြင်မှာရောလေ
( ဂ )
၈၈-က-သည်
နှစ်ထောင့်ဆယ်ငါး
ရောက်ရှိသွားခိုက်
ပြတိုက်ထဲမှာ
ရုပ်ထုများစွာ ပြထားပြီ ။။။။။။။။။
( ဃ )
ပြတိုက်စားပွဲပေါ်
ဝင်းမော်ဦးရုပ်ထု
ဗိုလ်ချုပ်မြ-မကျန်
တော်လှန်ရေးသမား
စာသမား ကဗျာသမား
အားလုံးရဲ့ အလယ်
ဒေါ်အောင်ဆန်းစုကြည်
ထယ်ဝါရုပ်ထု ရှိလေ၏ ။။။။။။။။။။။
( င )
သမီးတွဲလဲ
မြေးတွဲလဲပ
ပြတိုက်လည်သူ
ပြည်သူမှာတော့
မိုးရွာတာတောင်
ဝမ်းခေါင်ခေါင်သာ
ထီးမပါဘဲ
လာခဲ့ရပြီ
နှစ်လရှည်ကြာ တိုင်ခဲ့ပေါ့ ။။။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
irrawaddy blog
No comments:
Post a Comment