Monday, January 28, 2013

ချယ်လ်ဆီးကို တစ်ရာသီလုံး ကိုင်တွယ်ရပါက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာနိုင်ဟု ဘင်နီတက်ဇ် ကြွေးကြော်

Ever November | 1/28/2013 04:47:00 PM | Best Blogger Tips

မိမိကို ချယ်လ်ဆီး အသင်း မန်နေဂျာ အဖြစ် တစ်ရာသီလုံး ခန့်အပ် တာဝန်ပေးပါက ပရီးမီးယား လိဂ် ချန်ပီယံဘွဲ့ကို အရ ယူပြနိုင်ကြောင်း ရာဖာ ဘင်နီတက်ဇ်က ကြွေးကြော်လိုက်သည်။

ချယ်လ်ဆီး အသင်းက ရောဘတ်တို ဒီမက်တီယိုကို ထုတ်ပယ် လိုက်ပြီးနောက် ကြားဖြတ် မန်နေဂျာအဖြစ် ရာသီကုန်ထိ ဝင်ရောက် ကိုင်တွယ်နေသော စပိန်သား ဘင်နီတက်ဇ်က အကယ်၍ တစ်ရာသီလုံးသာ ကိုင်တွယ် အုပ်ချုပ်ခွင့် ရှိမည်ဆိုလျှင် ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ရရှိရေးအတွက် ပိုမို နီးစပ်အောင် စွမ်းဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အနေအထားတွင်မူ ချယ်လ်ဆီးသည် ရာသီသစ် အတွက် ဘင်နီတက်ဇ်ကို ဆက်လက် တာဝန်ပေးမပေး မသေချာသေးဘဲ ရှိနေသည်။
၎င်းလက်ထက်တွင် Club World Cupနှင့် Capital One ဖလားများကို လက်လွှတ်ခဲ့ရသလို ပရီးမီးယားလိဂ်တွင်လည်း ဦးဆောင်သူ မန်ချက်စတာ ယူနိုက်တက်နှင့် အမှတ်ပြတ်နေပြီ ဖြစ်သည့်တိုင် ဘင်နီတက်ဇ်က တစ်ရာသီလုံး တာဝန်ယူရလျှင် ယခုထက် စွမ်းဆောင်နိုင်မည်ဟု ပြောဆိုခဲ့သည်။ "ကျွန်တော်က ထိပ်တန်း ကလပ်တစ်ခုကို ကိုင်တွယ်ဖို့ အာသီသ ရှိပါတယ်။ ချယ်လ်ဆီးဟာ ကြီးကျယ် ခမ်းနားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်း ကလပ် တစ်ခုပါ။ ဒါကြောင့် ကျွန်တော့်အတွက် အခွင့်အလမ်းကောင်းလို့ ဆိုရမှာပါ"ဟု ဘင်နီတက်ဇ်က ဆိုသည်။

၎င်းက "ဒါပေမဲ့ ဒီအသင်းကို ကျွန်တော် ရောက်လာတာဟာ ရာသီတစ်ဝက်လောက်မှာ ဖြစ်နေပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေ အများကြီး ကျွန်တော့်မှာ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။ ရှိတဲ့ လူစာရင်းနဲ့ ကျွန်တော် လက်တွဲ လုပ်ဆောင်ရတာပါ။ လက်ရှိ အသင်းဟာ လုံလောက်တဲ့ အရည်အသွေးတွေ ရှိသလို ကောင်းမွန်တဲ့ စုဖွဲ့မှုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကြားဖြတ် ကိုင်တွယ်ရမှုမျိုးဟာ ခက်ခဲလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးဟာ ထိပ်သီး ကလပ်တစ်ခု ဖြစ်သလို မှန်ကန်တဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်ရင် ပရီးမီးယားလိဂ်နဲ့ တခြား ဆုဖလားတွေ ရယူဖို့အတွက် စိန်ခေါ်နိုင်ဆဲ ဖြစ်မှာပါ"ဟုလည်း သုံးသပ်သွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1