Thursday, February 21, 2013
အမ်ဗွီအရီတာ ဘောက်ဆိုက်သင်္ဘောနစ်မြုပ်မှုမှ လောင်စာဆီယိုဖိတ်မှုများ တွေ့ရှိ
Ever November | 2/21/2013 09:03:00 AM |
နိုင်ငံတကာသတင်း
အမ်ဗွီအရီတာဘောက်ဆိုက် သင်္ဘောနစ်မြုပ်ခဲ့သည့် ပန်ဂါစီနန်ပြည်နယ် ဘိုလီနာအို ကမ်းလွန်ပင်လယ်ပြင်တွင် လောင်စာဆီ ယိုဖိတ်မှု စီးကြောင်းများကို တွေ့မြင်ခဲ့ရကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။ လောင်စာဆီယိုဖိတ်မှုကို ကမ်းခြေမှ ရေမိုင် ၁ဝ မိုင်ခန့်တွင် တွေ့မြင်ရခြင်းဖြစ်ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ချီတိုကက်စထရိုက ပြောကြားသည်။ လောင်စာဆီယိုဖိတ်မှုပမာဏကို တိုင်းတာ စူးစမ်းနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် လောင်စာဆီယိုဖိတ်မှုကြောင့် ထိခိုက်နိုင်မည့် ဧရိယာမှာ အတန်အသင့်ကြီးကြောင်း သိရသည်။ အမ်ဗွီအရီတာဘောက်ဆိုက် သင်္ဘောသား အားလုံးမှာ မြန်မာများဖြစ်ကြပြီး ပျောက်ဆုံးနေသော သင်္ဘောသား ၁၄ ဦးကို ကယ်ဆယ်ရန် ကနဦး ရှာဖွေမှုများအရ အသက်ရှင်ကျန်သူ တစ်ယောက်မျှ ထပ်မံမတွေ့ရကြောင်း ကက်စထရိုက ထုတ်ဖော်ပြောကြားသည်။ အမ်ဗွီအရီတာဘောက်ဆိုက်သည် ဘိုလီနာအိုအငူ ကမ်းလွန်ပင်လယ်ပြင်တွင် စက်ပျက်ပြီး ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါသင်္ဘောသည် ကျောက်မီးသွေးများတင်ဆောင်ကာ တရုတ်နိုင်ငံသို့ ခုတ်မောင်းသွားခဲ့ခြင်း ဖြစ်သည်။
(ဆင်ဟွာ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment