Friday, February 22, 2013

ဘာစီလိုနာကို အခြား အသင်းများ မနိုင်လျှင်လည်း မိမိတို့ နိုင်မည်ဟု ယုံကြည်ထားကြောင်း မီလန်နည်းပြ ပြောကြား

Ever November | 2/22/2013 08:39:00 AM | Best Blogger Tips

အခြား အသင်းများက မနိုင်လျှင်လည်း ဘာစီလိုနာကို မိမိတို့ နိုင်ကို နိုင်စေရမည်ဟု ကြိုတင် ယုံကြည်ထားခဲ့ကြောင်း အေစီမီလန် နည်းပြ မက်ဆီမီလီယာနို အယ်လာဂရီက ပြောကြားလိုက်သည်။
မီလန်သည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ် အပြီးတွင် အိမ်ကွင်း ဆန်စီရို၌ နာမည်ကျော် ဘာစီလိုနာကို (၂-၀)ဖြင့် အနိုင်ရခဲ့သည်။ အယ်လာဂရီ၏ အသင်းသည် ကျွမ်းကျင်မှုနှင့် တိုက်စစ်ပိုင်းတွင် အကောင်းဆုံး ရှိနေသော စပိန်ထိပ်သီး ကလပ်ကို မာကျောမှု၊ စည်းကမ်းကောင်းမှု၊ စုစည်းမှုများနှင့် အားပြုရင်ဆိုင်ပြီး ချိုမြိန်သော ရလဒ်မျိုး ထွက်ပေါ်စေခဲ့သည်။ မီလန်အတွက် ဂိုးများကို ကီဗင်ပရင့်စ် ဘိုတန်နှင့် ဆူလီအလီ မွန်တာရီတို့က အသီးသီး သွင်းယူခဲ့ကြသည်။
သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အယ်လာဂရီက "ကျွန်တော်တို့ အရေးပါတဲ့ နိုင်ပွဲတစ်ခု ရခဲ့တယ် ဆိုတာကို ပြောပြနေဖို့တောင် မလိုပါဘူး။ ဘယ်သူမှ မလုပ်နိုင်ဘူးလို့ ထင်နေတာမျိုးကို ကျွန်တော်တို့ လုပ်ပြခဲ့တာပါ။ ဒီလို ပွဲမျိုးတွေကို အနိုင်ရဖို့ဆိုရင် ကစားသမားတွေဟာ အသင်းအတွက် အရာရာ စတေးခံမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး၊ အကောင်းဆုံး ကြိုးစား အားထုတ်မှုမျိုး ရှိနေဖို့ လိုပါတယ်။ ဘာစီလိုနာကို ကျွန်တော်တို့ရဲ့ ပင်နယ်တီ ဧရိယာနားမှာ ပိတ်ထားနိုင်ပြီး သူတို့အသင်းဟာ ထိထိရောက်ရောက် ဂိုးကန်သွင်းခွင့်တောင် မရခဲ့ဘူး။ ကျွန်တော့် ချာတိတ်တွေ ခံစစ်ကစားတာ သိပ်ကောင်းပါတယ်။ ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှု (၆၅)ရာခိုင်နှုန်းလောက် ရချင် ရနေမယ် ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကောင်းဆုံး အခွင့်အလမ်း (၅)ခါ၊ (၆)ခါလောက် ရခဲ့ပြီး အဆုံးသတ် ဖန်တီးမှုလေးတွေ လွဲချော်ခဲ့လို့သာ ဒီထက် ဂိုးမပြတ်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
၎င်းက "အသင်းသားတွေဟာ ဘာစီလိုနာရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနေပုံ အတွက် စိတ်ပျက်မနေကြပါဘူး။ ပထမဂိုး ရသွားပုံကတော့ ကံကောင်းတာလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘောလုံးပွဲတွေမှာ ဒီအခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ ကျွန်တော့် အသင်းသားတွေဟာ အရာအားလုံးနဲ့ ထိုက်တန်သူတွေပါ။ သူတို့ အသင်းအတွက် အကောင်းဆုံး ဆိုတာကို ဖြစ်အောင် လုပ်ပြခဲ့တယ်"ဟုလည်း မီလန် ကစားသမားများကို ချီးကျူးသွားသည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1