Tuesday, February 26, 2013

မြစ်ကြီးနား- နန်းကွေ့ ဘူတာကြား မီးရထား လမ်းကူးတံတား အဆင့်မြှင့်တင် တည်ဆောက်

Ever November | 2/26/2013 09:42:00 AM | Best Blogger Tips
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ လျင်မြန်ချောမွေ့ စေရေး လုပ်ငန်းများကို အထူး အလေးထား၍ တာဝန် ရှိသူများက တည်ဆောက် ပြုပြင်လျက် ရှိရာ မြစ်ကြီးနားနှင့် နန်းကွေ့ ဘူတာကြား မိုင်တိုင် ၇၁၉/၁၆ နှင့် ၇၁၉/၁၅ အတွင်းမှ တံတား အမှတ် (၇၂၃) ကို အဆင့်မြှင့် RC အမိုးပိတ်တံတားအဖြစ် ဖေဖော်ဝါရီ ဒုတိယ ပတ်မှ စတင် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါတံတားမှာ ယခင်ကအုတ်ခုံသံပေါင်တင် ဘေလီတံတား ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန် ၁၄ ရက်က မိုးရာသီ အတွင်း ရေတိုက်စားမှုကြောင့် ရထားတွဲများတိမ်းချော်ကာ ကျွဲ၊ နွားတိရစ္ဆာန်များ သေကျေဆုံးရှုံး ခြင်း များ ဖြစ်ပေါ် ခဲ့သောကြောင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့၏လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ အဆင့် မြှင့်တင်တံတားအဖြစ် တည်ဆောက်ခြင်း ဖြစ်သည်။

တံတား ရေထွက်ပေါက်အကျယ်မှာ ပေ ၂ဝ ရှိပြီး တံတားအမျိုးအစားမှာ RC သံကူ အားဖြည့် ဖောင်ဒေးရှင်း အမိုးပိတ်တံတားအဖြစ် ငွေကျပ် ၄ဝ၂ သိန်း အကုန်ကျခံကာ မြန်မာ့မီးရထား တိုင်း (၁) မြို့ပြ အင်ဂျင်နီယာ ဌာနမှ ကြီးကြပ်ကာ စံချိန်စံညွှန်း ပြည့်ဝစွာလာမည့် မတ်လကုန်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1