Tuesday, February 26, 2013

ဗီယက်နမ်တောင်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် အိမ်များပြို၊ လူ ၁၀ ဦးသေဆုံး

Ever November | 2/26/2013 09:36:00 AM | Best Blogger Tips

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့ရှိ ခရိုင်အမှတ်(၃)၌ ဖေဖော်ဝါရီ ၂၄ ရက် အရုဏ်တက် အချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်သုံးလုံး မီးလောင်ပျက်စီးပြီး လူ ၁ဝ ဦးခန့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မီးလောင်ထားသော အိမ်ပျက်များအောက်မှ လူခုနစ်ဦး၏ ရုပ်အလောင်းများကို ဆွဲထုတ်ခဲ့ရပြီး သုံးဦးမှာ ပျောက်ဆုံးနေသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆင်ဟွာ သတင်းဌာနသို့ ပြောကြားသည်။ လက်စ်ဗီယက်ကုမ္ပဏီတွင် အလုပ်လုပ်သူတစ်ဦးက ၄င်း၏နေအိမ်၌ ပေါက်ကွဲစေတတ်သော လက်နက်ကိရိယာများ ထုတ်လုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားသည်ဟု ယူဆရကြောင်း၊ ၄င်း၏ နေအိမ်မှ သေနတ်များနှင့် လက်ပစ်ဗုံးများကို ကယ်ဆယ်ရေးသမားများက အိမ်အပြင်သို့ ယူထုတ်ရကြောင်း ကနဦးရရှိချက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသော နေရာတွင် လူနေထူထပ်ပြီး ဟိုချီမင်းမြို့၏ မြို့လယ်ကောင် ဒေသဖြစ်ကြောင်း၊ ကိုယ်ပိုင်နေအိမ်များဖြင့် နေထိုင်သူများဖြစ်ကြကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ မီးသတ်ကား ၁၂ စီးကျော်နှင့် ရာချီသော မီသတ်များ ရောက်ရှိလာပြီး မီးငြှိမ်းသတ်ရကြောင်း၊ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်၍ မီတာ ၁ဝဝ ခန့် အကွာအဝေးရှိ နေအိမ်များမှ ပြတင်းတံခါးများ ကျိုးပျက်ကုန်ကြောင်း ဗီယက်နမ်နိုင်ငံပိုင် သတင်းဌာန ဗွီအင်န်အေက ဖော်ပြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1