Monday, March 11, 2013

အမေရိကန်နိုင်ငံ တောင်ဒါကိုတာပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမများအား လက်နက်ကိုင်ဆောင်ခွင့်ပြု

Ever November | 3/11/2013 03:05:00 PM | Best Blogger Tips

အမေရိကန်နိုင်ငံ တောင်ဒါကိုတာ ပြည်နယ်တွင် ကျောင်းဆရာ၊ ဆရာမများနှင့် အခြားသော ကျောင်းဝန်ထမ်းများကို စာသင်ကျောင်းများတွင် လက်နက် ကိုင်ဆောင်ခွင့်ပြုကြောင်း ပြည်နယ် အစိုးရက ဥပဒေ တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ ဥပဒေအရ စာသင်ကျောင်းများ၊ ကျောင်းသား ကျောင်းသူများ၊ ၀န်ထမ်းများနှင့် ကျောင်းများ အတွင်း နေထိုင်ခွင့် ပြုထားသည့် ပြည်သူ့ တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုမှ ခုခံ ကာကွယ်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုအတွက် ဟန့်တားမှုကို မြှင့်တင်နိုင်ရန် ကျောင်းဘုတ် အဖွဲ့များက ယင်း လက်နက် ကိုင်ဆောင်မှု အစီအမံကို စတင် အကောင်အထည် ဖော်တော့မည် ဖြစ်သည်။ အဆိုပါ ဥပဒေသည် ဇူလိုင်လတွင် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်သည်။ ယင်းဥပဒေသည် ကွန်နက်တီကပ် ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာက ဖြစ်ပွားခဲ့သော လူအစုအပြုံလိုက် သေဆုံးခဲ့သည့် အကြမ်းဖက် ပစ်ခတ်မှုမျိုးကို ကြိုတင် ကာကွယ်နိုင်မည်ဟု ဥပဒေမူကြမ်းကို အားပေးထောက်ခံသူများ ရှိသကဲ့သို့ လက်နက်များကို စာသင်ကျောင်းများ၌သာ ကိုင်ဆောင်ခွင့် ပြုခြင်းသည် ပိုမို အန္တရာယ် များစေကြောင်း ယင်းဥပဒေကို ကန့်ကွက်သူများလည်း ရှိသည်။ 
(ရိုက်တာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1