Saturday, March 16, 2013

ဂျပန်သိပ္ပံပညာရှင်များက ကြွက်တစ်ကောင်တည်းမှ မျိုးဆက် ၂၆ ဆက်ထိ ပုံတူမျိုးပွား

Ever November | 3/16/2013 03:49:00 PM | Best Blogger Tips

ဂျပန် သိပံ္ပ ပညာရှင်များသည် ခုနစ်နှစ် ကြာမြင့်ခဲ့သော သုတေသန တစ်ခုတွင် ကြွက်တစ်ကောင် တည်းမှ မျိုးဆက် ၂၆ ဆက် (ကြွက် ၅၉၈ ကောင်) အထိ ပုံတူ မျိုးပွားနိုင်ခဲ့ရာ အဖိုးတန်သော ခြံမွေး တိရစ္ဆာန်များကို အမြောက်အမြား ပွားယူနိုင်ရန် လမ်းပွင့်လာဖွယ်ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် တေရူဟီကိုဝါကာယာမက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။ "နို့တိုက် သတ္တ၀ါ တစ်ကောင်ကို သုံးပြီး ပုံတူ မျိုးပွားတဲ့ စီမံကိန်းထဲမှာ ဒီစီမံကိန်းက အခုထိ အကြီးဆုံးပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။ မျိုးဆက်  အမြောက်အမြားထိ ပုံတူမျိုးပွားနိုင်သော နည်းလမ်းကို အသုံးပြုပါက ဥပမာ အနေဖြင့် နို့အများအပြား ထွက်သော နွားကို ပိုင်ဆိုင်ထားသည့် လယ်သမားများအတွက် အကျိုး ဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ သာမန် သဘာဝအတိုင်း မွေးဖွားခြင်းဖြင့် ထိုသတ္တ၀ါ၏ အမွေခံသည် အလားတူ အရည်အသွေးများ ရှိမည်ဟု အာမ မခံနိုင်ကြောင်း၊ ပုံတူမျိုးပွားခြင်းဖြင့်သာ တစ်ထပ်တည်း ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ မူလ သတ္တ၀ါ၏ မျိုးဗီဇ အချက်အလက်များ ပါဝင်သော နျူကလိယကို သက်ရှိ မျိုးဥအတွင်း ထည့်သွင်းပြီး ထိုမျိုးဥတွင် ပင်ကိုယ်ပါရှိသည့် နျူကလိယကို ဖယ်ရှားထားသည်။ ထို့နောက် ယင်းမျိုးဥကို ပုံတူမျိုးပွားပေးမည့် ကိုယ်ခန္ဓာထဲသို့ ထည့်သွင်း မျိုးပွားခဲ့ရာ ထိုမျိုးပွား သတ္တ၀ါသည် နောက်ထပ် နျူကလိယ ထုတ်ယူရန်အတွက် အလှူရှင် ပြန်ဖြစ်လာကြောင်း သိရသည်။ 
(အေအက်ဖ်ပီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1