Sunday, March 24, 2013

အိုဘားမား၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်

Ever November | 3/24/2013 10:18:00 AM | Best Blogger Tips

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားသည် အရှေ့အလယ်ပိုင်းခရီးစဉ်၏ ဒုတိယနေ့ဖြစ်သော မတ် ၂၁ ရက်က အနောက်ဘက်ကမ်းဒေသ ရာမာလာမြို့သို့ ရောက်ရှိလာသည်။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိရေးအတွက် တိုက်တွန်းအားပေးနိုင်ရန် ရည်ရွယ်လျက် အိုဘားမားသည် မတ် ၂ဝ ရက်က အစ္စရေးနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ အိုဘားမား၏ ခရီးစဉ်အတွင်း အစ္စရေးတောင်ပိုင်းဒေသသို့ ဂါဇာကမ်းမြောင်ဒေသမှ စစ်သွေးကြွများက ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ဟားမားစ်အဖွဲ့က ထိန်းချုပ်ထားသော ဂါဇာကမ်းမြောင်ဒေသမှ စစ်သွေးကြွများသည် မတ် ၂၁ ရက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည်တစ်လုံးသည် ဆဒီရော့မြို့ရှိ နေအိမ်တစ်လုံး၏ နောက်ဘက်ခြံဝင်းအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒုတိယမြောက် ဒုံးကျည်တစ်လုံးမှာ ကွင်းတစ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အိုဘားမားသည် သမ္မတအဖြစ် ထပ်မံရွေးချယ်တင်မြှောက် ခံခဲ့ရပြီးချိန် နောက်ပိုင်း အစ္စရေးနိုင်ငံသို့ မတ် ၂ဝ ရက်တွင် ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။ အိုဘားမားသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၊ ဆီးရီးယား ပြည်တွင်းစစ်ပွဲနှင့် အီရန်၏ နျူကလီးယား အစီအစဉ်တို့နှင့် ပတ်သက်နေသော ဒေသဆိုင်ရာ ပြဿနာများကို အလေးထားဆွေးနွေးရန် စီစဉ်ထားကြောင်း သတင်းတွင် ဖော်ပြသည်။ အိုဘားမားသည်ပါလက်စတိုင်းသမ္မတမာမွတ်အဘတ်စ်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ 
(ရိုက်တာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1