Sunday, March 24, 2013

Iown Smart ဟမ်းဆက် ရွှေပြည်တံခွန် ဖြန့်ချီမည်

Ever November | 3/24/2013 11:37:00 AM | Best Blogger Tips
တရုတ်နိုင်ငံတွင်တပ်ဆင်ထားပြီးသောIownတံဆိပ်စမတ်ဖုန်းများအား၂၀၁၃ခုနှစ်အတွင်း ပြည်တွင်း ဈေး
ကွက်၌   ဖြန့်ချီနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီ လီမီတက်မှ သိရသည်။
 
ဈေးကွက်ထဲမှာ မကြာခင်တင်ဖို့အတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တရုတ်ပြည်မှာတပ်ဆင်တယ်။Brandနာမည်ကတော့Iown(ရွှေဇီးကွက်) ဖြစ်ပါတယ်။ ဈေးကွက်ထဲကို ဖြန့်ဖို့
အတွက် ဒီနှစ် ထဲမှာ အားလုံးပြီးအောင် လုပ်မယ် ” ဟု ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးလွင်နိုင်ဦးက ပြောသည်။ 
 
၎င်းကုမ္ပဏီမှ တန်ဖိုးနည်း ဆင်းကဒ်ထုတ်လုပ်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
 
ပြည်တွင်းဈေးကွက်၌ ဖြန့်ချီမည့် ဟမ်းဆက်အမျိုးအစားမှာ Smart Phone Adroid အမျိုးအစားဖြစ်ပြီး ဈေးနူန်း မသတ်မှတ်ရသေးကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းကိုလည်း သိရှိရသည်။     
 
၂၀၁၃ခုနှစ် ဧပြီ(၁)ရက်နေ့က ဆက်သွယ်ရေးဝန်ကြီးဌာနမှ တန်ဖိုးနည်း ဆင်းကဒ်(၅၀၀၀၊ ၂၀၀၀ ကျပ်)များ ချပေးမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဖုန်းဆင်းကဒ်ထက် ဟမ်းဆက်များအား   ဈေးကွက်တွင်း ဈေးနှုန်းလျော့ချစေလိုကြောင်း ဖုန်းသုံးစွဲသူတို့က ဆိုသည်။
 
 “၅ ထောင်တန်တို့ ၂ ထောင်တန်တို့ တန်ဖိုးနည်းဖုန်းတွေ ဘယ်လောက်ချပေးမယ် ပြောပြော ဟမ်းဆက် ဈေးနှုန်းကမြင့်နေမယ်ဆိုရင် မထူးဘူး ”ဟု တက္ကစီကားမောင်းသူ ကိုဋ္ဌေးငွေက ပြောသည်။
 
လက်ရှိတွင် ဖုန်းဈေးကွက်တွင်း ဟမ်းဆက် တံဆိပ်မျိုးစုံ နိုင်ငံပေါင်းစုံမှ ၀င်ရောက်လျက်ရှိကာ Smart Phone Adroid အမျိုးအစားများမှာ လုပ်ဆောင်မှု စုံလင်ခြင်း၊ အင်တာနက်ချိတ်ဆက်အသုံးပြု၍ ရခြင်းကြောင့် ကျပ်(၅)သောင်းကျော်မှ ကျပ်(၆) သိန်းဝန်းကျင်အထိ ဈေးရှိနေပြီး၊ လက်ရှိတွင် ၀ယ်လိုအားများနေကြောင်း မိုဘိုင်းဟမ်းဆက်ဈေးကွက်အတွင်းမှ သိရသည်။

ယမင်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1