Tuesday, March 5, 2013

ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် နားလည်မှု ရှိရမယ်လို့ဆိုသူ ယုသန္တာတင်

Ever November | 3/05/2013 04:33:00 PM | Best Blogger Tips

မော်ဒယ်လောကကနေ အနုပညာလောကကို ရောက်ရှိလာပြီး အနုပညာပျိုးခင်းက စင်တင်မင်းသမီး တစ်ယောက်လည်းဖြစ်တဲ့ ယုသန္တာတင်က မိုးယံဇွန်နဲ့အတူ ဆီးဂိမ်း အတွက် ကရာတေး ဇာတ်လမ်းအတို ရိုက်ကူးနေပါတယ်။ အနုပညာပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်ကား ၁၅ကားရိုက်ကူးဖို့ ပြည့်တော့ မှာဖြစ်တဲ့အတွက် အနုပညာ အတွေ့အကြုံနဲ့ပတ်သက်ပြီး ''ညီမကတော့ အနုပညာပျိုးခင်းနဲ့ ၁၅ကားတော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ကား အရေအတွက်က သိပ်မများသေးဘူး။ ကာရိုက် တာလည်း မစုံသေးဘူး ဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ပိုပြီးအားသာလည်း ဆိုတာ မသိသေးဘူး။ အတွေ့အကြုံတွေတော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေဘက် ကတော့ ညီမကားတွေထွက်လာရင်လည်း အားပေးကြတယ်''လို့ ယုသန္တာတင်က ပြောပါတယ်။

နောက်ပိုင်းမှာ ဇာတ်ကားတွေလည်း အဆက်မပြတ် ရိုက်ကူးလာ သလို၊ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးလာသူဖြစ်ရာ ဘယ်အလုပ်က ပိုခက်ခဲပါသလဲလို့ မေးကြည့်တော့ .. ''ကားရိုက်နေပေ မယ့် ကြော်ငြာရိုက်ရတာကိုလည်း မလစ်ဟင်း စေချင်ဘူး။ ကားရိုက်တာ အခုမှစပြီး သင်ယူနေရတာဆိုတော့ ပိုပြီးကြိုးစားရ တယ်။ ကြော်ငြာမှာက သူ့ဟာနဲ့ သူခက်ခဲတယ်ဆိုပေမယ့် ကိုယ်ကကြော်ငြာလိုင်းက လာတာ ဆိုတော့ အဆင်ပြေတယ်။ ကားရိုက်တာတော့ ကိုယ့် စိတ်ကိုဖျောက်ပြီး ကာရိုက်တာထဲကို စိတ်သွင်းပြီးလုပ်ရ တာဆိုတော့ ပိုကြိုးစားရတယ်'' လို့ ပြောပါတယ်။

လက်ရှိအချစ်ရေးအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ပဲရှိနေပြီး အသက် ၂၉၊ ၃ဝအရွယ်ကျမှ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ အဓိကက ကိုယ့်အပေါ် နားလည်ပေးနိုင်သူ အိမ်ထောင်ဖက်ကိုပဲ ရွေး ချယ်မှာ ဖြစ်ကြောင်းကို “အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပဲ။ အခုအချိန်မှာ ကိုယ့်အသက်အရွယ်က ငယ်သေးတယ်။ ဦးနှောက်က စဉ်းစားဆုံးဖြတ်လို့ မရင့်ကျက်သေးပါဘူး။ ညီမကအချစ်ကိုတော့ သူများတွေလိုမျိုး ရယူတယ်၊ ပေးဆပ်တယ်လို့ မခံယူထားဘူး။ အချစ်ကို အချစ်လို့ပဲ မှတ် ထားတယ်။ အဓိကက ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဖက်က ကိုယ့်ကိုနားလည်မှုရှိမယ့် သူမျိုးပဲဖြစ်ရမယ်”လို့ ပြောပါတယ်။

တွယ်တာ

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1