Tuesday, March 5, 2013

အဖေဖြစ်သူ ကျန်းမာရေးကြောင့်ဗီစီဒီ ရိုက်ကူးမှုခဏနားထားတဲ့ Nကိုင်ရာ

Ever November | 3/05/2013 04:24:00 PM | Best Blogger Tips

မတ်လ ၃ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တဲ့ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ စစ်ဘေးသင့်ဒေသခံများအတွက် မနောအလှတေးဂီတအဖွဲ့မှ ရန်ပုံငွေ တေးဂီတဖျော် ဖြေပွဲမှာ သီဆိုခဲ့တဲ့တေးသံရှင် ကြိုင်ရာက ဒီပွဲမှာ အိမ်ရှင်ဖြစ်တဲ့အတွက် တခြား တိုင်းရင်းသားအဆိုတော်တွေကို ဦးစားပေးသွားမှာပါလို့ ဆိုပါတယ်။ "ဒီပွဲမှာ တိုင်းရင်းသားပေါင်းစုံလည်းပါတယ်။ ကိုင်ရာတို့က အိမ်ရှင်ဖြစ်တဲ့အတွက် တခြား တိုင်းရင်းသား အဆိုတော်တွေကို ဦးစားပေးဆိုခိုင်း သွားမှာပါ” လို့ ပြောပါတယ်။

တေးသံရှင် Nကိုင်ရာက မကြာသေးခင်ကမှ သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ 'လေဒီကိုင်ရာ' Audio CD ကိုထွက်ရှိထားပါတယ်။ Audio CD ထွက်ပြီး သွားတဲ့ နောက်ပိုင်းမှာလည်း ပရိသတ်အားပေးမှု အားကောင်းခဲ့ ပါတယ်။ Nကိုင်ရာက 'လေဒီကိုင်ရာ'ဗီစီဒီမှာလည်း ထူးထူးခြားခြား ဆန်းသစ်သွားအောင် တရုတ်ပြည်မှာ ဗီစီဒီနှစ်ပုဒ် ရိုက်ကူးခဲ့တယ် လို့ ပြောပါတယ်။ "ကိုင်ရာက တရုတ်ပြည်မှာ ရိုက်ချင်လို့ သွားလိုက်တာ။ အဲဒါ နဲ့ပဲ တစ်ခါတည်း Shoppingထွက်လိုက်သေးတယ်။ ကိုင်ရာက တရုတ်ပြည်က ဒါရိုက်တာနဲ့ တရုတ်ပြည်က မော်ဒယ် တစ်ယောက်ကိုငှားပြီး ရိုက်လိုက်တာ။ ရိုက်လိုက်တာကလည်း သီချင်းနှစ်ပုဒ်အတွက်ရိုက်ခဲ့တာ။ ဒါပေမဲ့ ဘယ် သီချင်းကိုမှ ရည်ရွယ်ပြီး ရိုက်ခဲ့တာမဟုတ်ပါဘူး"လို့ တရုတ်ပြည်မှာ ဗီစီဒီ ရိုက်ကူးခဲ့ပုံကို ပြောပြီး ဗီစီဒီအခွေမှာလည်း အမှတ်တရဖြစ်သွားအောင် မွေးရပ်မြေဖြစ်တဲ့ မိုးကုတ်မှာလည်း ရိုက်ကူးဖို့ရှိကြောင်း ပြောပါတယ်။

ဒီ 'လေဒီကိုင်ရာ' Audio အခွေကို ကိုမိချောက စီစဉ်ထား တာဖြစ်ပြီး အခုဗီစီဒီအခွေမှာလည်း ကိုမိချောကပဲ စီစဉ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ 'လေဒီကိုင်ရာ'ဗီစီဒီ အခွေကို ရိုက်ကူးတာ သီချင်း ၄ပုဒ် လောက်ရိုက်ကူး ပြီးသွားပြီဖြစ်ပေမယ့် အခု အချိန်မှာတော့ အဖေ့ကျန်းမာရေးကြောင့် ဗီစီဒီရိုက်ကူးမှု နား ထားတယ်လို့ ဆိုပါတယ်။ "ကိုင်ရာရဲ့အဖေက အစာအိမ်သွေးကြော ပေါက်တာရယ်၊ အသည်းရောဂါလည်း ရှိတဲ့အတွက် ဟိုတလောက ဆေးရုံတင်လိုက်ရတယ်။ အခုတော့ ဆင်းလာပါပြီ။ ကိုင်ရာ လည်း အဖေ့နားမှာပြုစုလိုက်၊ရှိုးတွေဆိုလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ အတွက် ဗီစီဒီရိုက်ဖို့ကို ခဏနားထားတာပါ"လို့ ပြောပါတယ်။
ယွန်းလင်္ကာ

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1