Sunday, March 24, 2013

ဘိုင်ယန်၏ ဦးဆောင် ကစားသမား ဖြစ်လာရန် ရည်မှန်းထားကြောင်း နျူအာဆို

Ever November | 3/24/2013 10:57:00 AM | Best Blogger Tips

မိမိသည် ဘိုင်ယန်မြူးနစ် အသင်း၏ ကွင်းတွင်း ဦးဆောင်သူ တစ်ဦး ဖြစ်လာရန် ဆန္ဒရှိကြောင်း ဂိုးသမား မန်နျူရယ်လ် နျူအာက ပြောကြားလိုက်သည်။
ဘိုင်ယန်၏ ခါးသီးလှသည့် ပြိုင်ဘက် ရှော်လ်ကေး အသင်းမှ ပြောင်းရွှေ့လာသည့် ဂျာမန် လက်ရွေးစင် ဂိုးသမားက မိမိသည် ကလပ်အသင်း၏ ဦးဆောင် ကစားသမား တစ်ဦးအဖြစ် ရပ်တည်ရန် လုံလောက်သော အရည်အသွေး ရှိကြောင်းလည်း အခိုင်အမာ ဆိုသည်။ မိမိ၏ အဓိက တာဝန်သည် ဂိုးတိုင်နှစ်ခုကြား ဘောလုံးမဝင်အောင် ကာကွယ်ရန် ဖြစ်သော်လည်း လိုအပ်လာပါက ဘိုင်ယန်၏ ကစားသမား အားလုံးကို ဆော်ဩ ဦးဆောင်မည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ဆုံးဖြတ်ထားကြောင်းလည်း နျူအာက ကြွေးကြော်ခဲ့သည်။
"ကျွန်တော် ဘိုင်ယန်ကို ရောက်လာတာ ဦးဆောင် ကစားသမား တစ်ယောက် အနေနဲ့ပါ။ ကျွန်တော် ကွင်းထဲမှာ အသင်းကို စုစည်းဖို့၊ ဆက်သွယ်ဖို့ အသံကျယ်ကျယ် အော်ဟစ်နေမှာပါပဲ"ဟု အသက်(၂၆)နှစ်ရှိ ဂိုးသမားက ဆိုသည်။ ဘိုင်ယန်အသင်းသည် ယခုရာသီ ဘွန်းဒစ်လီဂါတွင် (၁၅)မှတ်ဖြတ်ကာ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နေပြီး ချန်ပီယံလိဂ်တွင်လည်း ကွာတားဖိုင်နယ် အဆင့်သို့ ရောက်ရှိနေရာ နျူအာသည် အရေးပါသော ထောက်တိုင် ကစားသမား တစ်ဦးအနေဖြင့် ပါဝင် ကူညီခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1