Sunday, March 31, 2013

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့

Ever November | 3/31/2013 09:27:00 AM | Best Blogger Tips
ကွန်ပျူတာဖြင့် အလုပ်လုပ်ရခြင်းကြောင့် မျက်စိတွေကျိန်းနေပါသလား။ ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်းပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကိုစမ်းကြည့်ပါ။ အဲဒီပစ္စည်းမှာမျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်က သေးငယ်တဲ့ သွေးကြောလေး အပေါ် အကျိုးဖြစ်ထွန်းစေတဲ့ အာနိသင်ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ 
အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို လျော့ နည်း စေပါတယ်။ မျက်လုံးပတ်ဝန်းကျင်မှာရှိတဲ့ အရေပြားတွင် အရေးအကြောင်း ဖြစ်ပေါ် လာမှုကို လျှော့ချနိုင်တယ်။ အသက်ကြီးလာသည့်အခါ အမြင်အာရုံ ကြည်လင်aစရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။  
 
yoyarlay

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1