Tuesday, March 19, 2013

တောင်ပိုင်းကျွန်းများတွင် နေထိုင်သူများ နေရာရွှေပြောင်းရန် မြောက်ကိုရီးယားက သတိပေး

Ever November | 3/19/2013 03:51:00 PM | Best Blogger Tips

မြောက်ကိုရီးယားနိုင်ငံက တောင်ပိုင်းကျွန်းများနှင့် နယ်စပ်ဧရိယာများတွင် နေထိုင်သည့် ပြည်သူများကို ၄င်းတို့၏နေအိမ်များမှ ပြောင်းရွှေ့နေထိုင်ရန် သတိပေးခဲ့ကြောင်း ပြုံယမ်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသည်။ ယွန်ပြွန်အပါအ၀င် တောင်ပိုင်းကျွန်းများသည် အန္တရာယ်ဇုနန်အတွင်း၌ ရှိနေသည်ဟု မြောက်ကိုရီးယားပိုင် ယူရီမင်ဇိုကီရီဝက်ဘ်ဆိုက်က မတ် ၁၆ ရက်တွင် သတိပေး ဖော်ပြထားသည်။ တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုများကြောင့် တိုက်ခိုက်မှုများ ပိုမိုအရှိန်မြင့်လာနိုင်ကြောင်း အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နယ်စပ်တစ်လျှောက်နှင့် အနောက်ပိုင်း ကျွန်းငါးကျွန်းတွင် နေထိုင်သူများအတွက် ထိခိုက်ပျက်စီးမှုများ ပိုမိုများနိုင်ကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ထပ်မံဖော်ပြသည်။ ပင်လယ်ဝါအတွင်းရှိသည့် ယွန်ပြွန်ကျွန်းသည် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြား ရှည်လျားသော အမှတ်အသားတစ်ခုအဖြစ် ရှိခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် စစ်ရေးတင်းမာမှုများ မြင့်မားလာသည့် တစ်ချိန်တည်းမှာပင် ကိုရီးယားစစ်ပွဲကို အဆုံးသတ်ခဲ့သည့် နှစ်ပေါင်း ၆၀ ရှိ နှစ်ဦးနှစ်ဖက် စစ်ပွဲရပ်ဆိုင်ရေး သဘောတူညီချက် ဖျက်သိမ်းခဲ့မှုကို မြောက်ကိုရီးယားက မတ် ၁၃ ရက်တွင် အတည်ပြုခဲ့သည်။ (ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1