Tuesday, March 19, 2013

ညောင်ဦးမှ ရန်ကုန်သို့ ပျံသန်းထွက်ခွာမည်ပြုစဉ် ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာစစ်ဆေးမှုပြုလုပ်ခဲ့ရ

Ever November | 3/19/2013 03:46:00 PM | Best Blogger Tips

ပုဂံညောင်ဦး လေဆိပ်တွင် မတ်လ ၁၆ ရက်နေ့ ညနေပိုင်း က ညောင်ဦး မှရန်ကုန်သို့ ပျံသန်းထွက်ခွာမည့် ရန်ကုန်အဲဝေးလေယာဉ် တစ်စီး သည် လေယာဉ်ပြေးလမ်းပေါ် ရောက်ရှိပြီးမှ ခရီးသည်များပြန်ချ ကာ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း သိရသည်။

“အချိန်တစ်နာရီလောက် delay ဖြစ်သွားတာပေါ့။ ဧည့်သည် ကစိတ်ပူပြီး ရန်ကုန် ကုမ္ပဏီလှမ်းဆက်ကုမ္ပဏီက တစ်ခါကိုယ့်ဆီ လှမ်းအကြောင်း
ကြားတော့ လေယာဉ်ပြန်ထွက်သွားတဲ့အထိ စောင့်ပေးခဲ့ရတာပေါ့။ Connection Flight ရှိတဲ့ ဧည့်သည်တစ်ယောက် နှစ်ယောက်တော့ တခြားလေယာဉ်နဲ့ ပြောင်းလိုက်သွားတယ် ကြားတယ်”ဟု ဒေသခံ ခရီးသွား လုပ်ငန်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထိုနေ့ကခရီးသည်များ လေဆိပ်အဆောက်အအုံအတွင်း ခေတ္တပြန်ချကာ စက်ပိုင်းဆိုင်ရာပြန်လည် စစ်ဆေးမှုပြုခဲ့ရသော လေယာဉ်မှာ ခရီးစဉ်အမှတ် XY-732 (XY-AIN) ဖြစ်ကြောင်း၊ မနက်ပိုင်းတွင် ရန်ကုန်၊ မန်္တလေး၊ ညောင်ဦး၊ ရန်ကုန် ခရီးစဉ်၊ နေ့ခင်းပိုင်းတွင် ရန်ကုန်၊ ဟဲဟိုး၊ သံတွဲ၊ ရန်ကုန်ခရီးစဉ်နှင့် ညနေပိုင်းတွင် ရန်ကုန်၊ ဟဲဟိုး မန္တလေး၊ ညောင်ဦးခရီးစဉ်များပျံသန်း ခဲ့ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာ ပျံသန်းမည်ပြုစဉ် ထိုကဲ့သို့ဖြစ်ခဲ့ ခြင်းဖြစ်သည်။

“လေယာဉ်က ပျံတက်ဖို့အတွက် ပါဝါရုတ်တရက်ကျသွားတဲ့ သဘောပါ။ ခရီးသည်တွေပြန်ချပြီး ပြေး လမ်းပေါ်သွား စက်စမ်းတယ်။စက်အေး သွားအောင် ခဏနား တယ်။ ပြီးတော့ ချောချောမောမောပဲ ပျံတက် သွားပါတယ်””ဟု လေဆိပ် အသိုင်းအ၀ိုင်းမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ပုဂံသစ္စာ
Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1