Tuesday, March 5, 2013

ဆယ်ဆွယ်ကုန်သွယ်မှုလုပ်ငန်းများ အဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ကတိပြု

Ever November | 3/05/2013 04:27:00 PM | Best Blogger Tips

ထိုင်းနိုင်ငံအတွင်း ဆင်စွယ်ကုန်သွယ်မှု အဆုံးသတ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်က မတ် ၃ ရက်တွင် ကတိပြုလိုက်သည်။ ထိုင်းနိုင်ငံကို ဖြတ်သန်း၍ ဆင်စွယ်မှောင်ခိုထုတ်မှုပြဿနာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ၀န်ကြီးချုပ်၏ ကတိက၀တ်ပြုမှုကို ကြိုဆိုကြသည်။ ဆင်စွယ်မှောင်ခို ရောင်းဝယ်မှုလုပ်ငန်းများ အဆုံးသတ်စေရေး ရည်မှန်းချက် ပေါက်မြေက်အောင်မြင်စေရန် သက်ဆိုင်ရာ ဥပဒေများကို ပြင်ဆင် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ ထိုင်းနိုင်ငံ၌ မွေးမြူထားသော အာရှဆင်မျိုးမှ ဆင်စွယ်များကို တရားဝင် ရောင်းဝယ်ခွင့် ပြုထားသည်။ သို့ရာတွင် မှောင်ခိုထုတ်လုပ်သူများက အာဖရိကဆင်မျိုးမှ ဆင်စွယ်များကို မှောင်ခိုဈေးကွက်တွင် ရောင်းဝယ်လျက်ရှိသည်။ ဆင်စွယ်မှောင်ခို ရောင်းမှုဈေးကွက် တည်ရှိနေခြင်းကြောင့် နှစ်စဉ် ဆင်ကောင်ရေ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံနေရကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1