Monday, March 11, 2013

တက္ကသိုလ်ဝင် စာမေးပွဲထူးထူးချွန်ချွန်အောင်မြင်လိုသူများအတွက် အထူးအဆောင် ယတြာများ

Ever November | 3/11/2013 04:46:00 PM | Best Blogger Tips
ယခုအချိန်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူတို့အတွက် စာမေးပွဲ ဖြေဆိုရန် နီးကပ်လာသည်နှင့်အမျှ စိတ်လှုပ်ရှားမှု တဖြည်းဖြည်း အမြင့်ဆုံးရောက်ရှိလာသည့် အချိန် ဖြစ်သည်။
 
စာမေးပွဲဖြေဆိုရန်နှင့် မိမိရည်မှန်းချက် အောင်မြင်မှုပန်းတိုင်ကြီးသို့ ကောင်အထည်ဖော်နိုင်ရန်မှာ ရက်ပိုင်းမျှသာ ကျန်ရှိတော့သည့်အချိန်ဖြစ်သည်။
 
ဆယ်တန်းစာမေးပွဲအောင်မြင်ရန်၊ ထူးချွန်စွာအောင်မြင်မှုရရှိကာ ဘ၀ရည်မှန်းချက် ပန်းတိုင်ကြီးကို ရောက်အောင် တစ်နှစ်ပတ်လုံး ကြိုးစားကျက်မှတ်ခဲ့ပြီးချိန်လည်း ဖြစ်နိုင်သည်။
 
မိမိတို့ကြိုးစားအားထုတ်မှုများအား ရဲဝင့်စွာအကောင်အထည်ထုတ်ဖော်ပွဲကြီးမှာ အလွန်ပင်နီးကပ်၍ လာချေပြီ။
 
အချို့ကျောင်းသားများအတွက် ကျက်ထား သောစာတွေလည်း ပြည့်စုံပြီးဖြစ်ကာ ပြန်လှန်လေ့ကျင့်ရသော အနေအထား ဖြစ်နေပြီဖြစ်သည်။
 
ဤအချိန်မှာ အလွန်အရေးကြီးပါသည်။ ယခုအချိန်မှာ ဘာပိုအရေးကြီးသလဲဆိုလျှင် ကျန်းမာရေးဖြစ်သည်။ စာတွေ ပိုင်နိုင်နေပြီဖြစ်၍ ဖြေဆိုရန် အဆင်သင့်သော ဤကာလမှာ ကျန်းမာရေး အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
 
အိပ်ချိန်၊ စားချိန်မှန်နေသင့်သည့် အချိန်ဖြစ်သည်။ ထို့အပြင် ဘာသာရေးအရ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့ကိုလည်း အိပ်ယာဝင်ချိန်မှာ ကန်တော့ပါ။ အန္တရာယ်ကင်းကျန်းမာရေးကောင်းစေပြီး နတ်ကောင်းနတ်မြတ်တို့လည်း  စောင့်ရှောက်မှု ရရှိနိုင်စေသည်။
 
စားမေးပွဲဝင်ကျောင်းသားများအနေဖြင့် ဖြစ်နိုင်လျှင် ပဌာန်း ဒေဿနာတော်ကြီးကိုလည်း ရွတ်ဖတ်ပေးခြင်း ပုတီးစိပ်ခြင်းပြုပါ။ ပဌာန်းဆိုသည်မှာ ၂၄ပစ္စည်းဖြစ်ပါသည်။
 
အကျဉ်းရွတ်နိုင် ရွတ်နိုင် ၊ အကျယ်ရွတ်နိုင် ရွတ်နိုင် ရွတ်နိုင်လေ မိမိအတွက် အကျိုးရှိလေဖြစ်ပါသည်။
 
ကျွန်တော့်ညီ တစ်ယောက်ငယ်ရွယ်ကတည်းက ပဌာန်းရွတ်ခဲ့သည်။ လူရည်ချွန် (၇)ထပ်ကွမ်းရပြီး ယခုဦးနှောက်နှင့် အာရုံကြောရောဂါအထူးကု ဆရာဝန်ကြီး တစ်ဦးပင်ဖြစ်နေပါသည်။  သူက ကျွန်တော့်ကိုပြောတော့ ပဌာန်းရွတ်လို့ ကျွန်တော် ထူးချွန်စွာအောင်မြင်ခဲ့တာပါဟု ဆိုလာပါသည်။ ကျွန်တော် ယုံကြည်ပါသည်။
 
ပဌာန်းဒေဿနာတော်ကြီးကို မြတ်စွာဘုရားအဖြစ်ရောက်ပြီးမှ အာရုံပြုသဖြင့် ဘုရားရှင်ကိုယ်တော်တိုင် ရောင်ခြည်တော် ပွင့်ခဲ့ခြင်းဖြစ်ခဲ့ပါသည်။ ၄င်းအပြင် ပဌာန်းဒေဿနာတော်ရွတ်ဖတ်သံကြား၍ ဘဝပြောင်းခဲ့ကြသော လင်းနို့သား ၅၀၀ ပင် နတ်ပြည်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သာဓက တွေရှိခဲ့ကြပါသည်။
 
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူတို့အနေဖြင့် ပဌာန်းဒေဿနာတော်ကို နာကြားခြင်း၊ ရွတ်ဖတ်ခြင်း တို့ပြုသင့်ကြောင်း မေတ္တာရှေ့ထား၍ ရေးသားတင်ပြအပ်ပါသည်။
 
ထို့နောက် ကျွန်တော် တတ်ကျွမ်းသော ဗေဒင်ပညာဖြင့် လည်း ကျောင်းသူ၊ ကျောင်းသားတို့ အောင်မြင်မှု နှင့် ထူးချွန်မှုရစေရန်၊ ၄င်းအပြင် ကျန်းမာကြစေရန် အကျိုးပြုရေးသား တင်ပြလိုက်ရပါသည်။
 
ကျွန်တော်တို့ဗေဒင် ပညာတွင် အညွန့်ကိုဆောင် အမြစ်ကိုရှောင်ဟုပါရှိပါ သည်။ အညွန့်ဆိုသည်မှာ ကိုယ့်မွေးနံ၏ အညွန့်ကိုဆိုလိုပါသည်။ ဥပမာ - တနင်္ဂနွေ ၏ အညွန့်မှာ တနင်္လာဖြစ်သည်။ ထို့ကြောင့်တနင်္ဂနွေသားတို့ သည်စာမေးပွဲကို ထူးချွန်စွာအောင်မြင်လိုပါက တနင်္လာနံ ကံ့ကော်ညွန့် ဆောင်ရမည်ဟု ဆိုလိုပါ သည်။ ဘုမ္မိအရပ်ကိုလှည့်၍ စာမကြည့်ရ၊ ဘုမ္မိအရပ် ဆိုသည်မှာ ကိုယ့်မွေးနေ့နံ၏ မကောင်းသောအရပ်ကို ဆိုလိုပါသည်။ ဥပမာ - တနင်္ဂနွေ၏ ဘုမ္မိမှာ တောင်အရပ် (ဗုဒ္ဓဟူး) ပင်ဖြစ်ပါသည်။ စာကြည့်လျှင် မကောင်းသောအရောင်ကို မဝတ်ရ၊ ဥပမာ - တနင်္ဂနွေသား အတွက် အနက်၊ အဝါ၊ မရမ်းမဝတ်သင့်ပါ။ မကောင်းသော ဂြိုလ်၊ နက္ခတ်တွေပျောက် ပြီး စာမေးပွဲဖြေဆိုလျှင် အထူးအောင်မြင်စေသော ယတြာမှာ တနင်္ဂနွေသားအတွက် တနင်္ဂနွေနံနက် ၇နာရီတွင် တနင်္လာနံဘုရားကို ကံ့ကော် ၁၅ညွန့် ရွက်လှ ၁၇ညွန့်၊ အလင်းတိုင် ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ် ပါ။
 
နေ့နံအလိုက် တင်ပြရေးသားလိုက်ပါသည်။
 
တနင်္ဂနွေနံသား၊ သမီး  -
ကံ့ကော် ၂ညွန့်ဆောင်ပါ။ ဘုမ္မိ - တောင်အရပ်ရှောင်ပါ။ အနက်၊ အဝါ၊ မရမ်းရောင်မသင့်ပါ။ ယတြာ - တနင်္ဂနွေနေ့နံနက်တွင် တနင်္လာနံဘုရားကိုကံ့ကော် ၁၅ညွန့်၊ အောင်သပြေ ၁၇ညွန့်၊ အလင်းတိုင် ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ် ပါ။ အောင်မြင်မှုအတွက် ဆုတောင်းပါ။ ပြည့်ပါမည်။
 
တနင်္လာနံသား၊ သမီး -
ဇွန် ၃ညွန့်ဆောင်ပါ။ ဘုမ္မိအရပ်ဖြစ်သော အနောက်တောင်အရပ်ကိုရှောင်ပါ။ အနက်၊ အပြာ မသင့်ပါ။ ယတြာ - တနင်္လာနေ့နံနက်တွင် အင်္ဂါနံဘုရားကို ဇွန် ၈ညွန့်၊ ရွက်လှ ၁၇ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ်ပါ။ အောင်မြင်မှုအတွက်ဆုပန်ပါ။
 
 
အင်္ဂါနံသား၊ သမီး
- ရွက်လှ ၅ညွန့် ဆောင်ပါ။ ဘုမ္မအရပ်ဖြစ်သော အနောက်ရပ်ရှောင်ပါ။ အနက်၊ အဝါ၊ မရမ်းမသင့်ပါ။ ယတြာ - အင်္ဂါနေ့နံနက်တွင် ဗုဒ္ဓဟူးနံဘုရားကို ရွက်လှ ၁၇ညွန့်၊အောင်သပြေ ၁၉ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ်ပါ။ အောင်မြင်မှုအတွက် ဆုပန်ပါ။
 
ဗုဒ္ဓဟူးနံသား၊ သမီး
- သပြေ ၁၅ညွန့်ဆောင်ပါ။ ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက်အရပ်ကိုရှောင် ပါ။ အနက်၊ အစိမ်း၊ အညိုမသင့်ပါ။ ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် ကြာသပတေးနံဘုရားကို အောင်သပြေ ၁၉ညွန့်၊ ရွက်လှ ၁၇ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ်ပါ။ အောင်မြင်မှု အတွက် ဆုတောင်းပါ။
 
ကြာသပတေးနံသား၊ သမီး
  - သီး ၆ညွန့်ဆောင်ပါ။ ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက်အရပ်ရှောင် ပါ။ အနီ၊ အနက်ရောင်မသင့်ပါ။ ယတြာ - ကြာသပတေးနံနက်တွင် သောကြာနံဘုရားကို အောင်သပြေ ၁၉ညွန့်၊ သီး ၆ညွန့်၊ အုန်း ၆ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေသက်စေ့ရေသပ္ပာယ်ပါ။ အောင်မြင်မှုအတွက်ဆုတောင်းပါ။
 
သောကြာနံသား၊ သမီး
- ဒန်းညွန့် ၃ညွန့်ဆောင်ပါ။ ဘုမ္မိအရပ်ဖြစ်သော အရှေ့တောင်အရပ်ကိုရှောင် ပါ။ အနက်၊ အပြာရောင်မသင့်ပါ ။ သောကြာနေ့နံနက်တွင် စနေနံဂြိုလ်ပြေ၊ နံပြေဘုရားကို အုန်း ၆ညွန့်၊ သီး ၆ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေအေး သက်စေ့ရေသပ္ပာယ်ပါ။ အောင်မြင်မှုအတွက် ဆုပန် ပါ။
 
စနေနံသား၊ သမီးများ
- အုန်း ၃ညွန့် ဆောင်ပါ။ ဘုမ္မိအရပ်ဖြစ်သောာ မြောက်အရပ်ကိုရှောင်ပါ။ အနက်၊ အပြာ မသင့်ပါ။ စနေနေ့နံနက်တွင် တနင်္ဂနွေနံဘုရားကို ဒန်း ၇ညွန့်၊ ရွက်လှ ၁၇ညွန့်၊ ဖယောင်း ၁၀တိုင်၊ ရေအေး ရေသက်စေ့သပ္ပာယ်ပါ။ ပညာရေးအတွက် အောင်မြင်ထူးချွန်အောင် ဆုတောင်းပါ။
 
ယတြာပြုပါက ဖြစ်နိုင်လျှင်
ကျောင်းသား ကျောင်းသူကိုယ်တိုင်လှူဒါန်းသင့်ပါသည်။ ကိုယ်တိုင် မဆောင်ရွက်နိုင်ပါက မိဘ ၂ပါးမှ တစ်ပါးပါးက ဆောင် ရွက်ပေး၍ရပါသည်။ မိဘ ၂ပါးမှ မဆောင်ရွက်နိုင်လျှင် ဆွေမျိုးသားချင်းများက ဆောင်ရွက်ပေးလျှင်လည်း ရပါသည်။ သို့သော် ဘုရားတပည့်တော်၏ သား၊ သမီး၊ တူ၊ တူမ ဟုပြောပြီး အမည်၊ မွေးသက္ကရာဇ်ကို ရေရွတ်၊ ဖြေဆိုရမည့် ခုံအမှတ်ပါ နှုတ်မှ ရွတ်၍ ထူးချွန်စွာအောင်မြင်မှုရပါစေဟု ဆုတောင်းပါက ထူးခြားထိရောက်မှု ရပါသည်။
 
ယတြာချေ ဆုတောင်းခြင်းဖြင့် မိမိ အလိုရှိရာကို  ရရှိနိုင်ကြောင်း သာဓကဖြင့် တင်ပြပါရစေ။ ကျွန်တော်တို့ ဘဒ္ဒကမ္ဘာမှာ ဘုရား ၅ဆူပွင့်ပါမည်။ ၄ဆူမြောက် ပွင့်သောဘုရားသည် ယခုပွင့်ပြီးသော ဂေါတမ ဘုရားပင်ဖြစ်ပါသည်။ ဂေါတမဘုရားရှင် သည် ယခင် ပဒုမ္မုတရ ဘုရားရှင်လက်ထက်တော် အခါက သုမေဓာရှင်ရသေ့ပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နှင့် ရဟန်းသံဃာများ ဆွမ်းခံ ကြွလာမည့် လမ်းတွင် သန့်ရှင်းရေးလုပ်စေပြီး ရေမြောင်းကို တံတားခင်းရန် ကြိုးပမ်းနေစဉ် ဘုရားရှင် နှင့် ရဟန်းတော်များ ကြွရောက်လာ၍ မိမိ ကိုယ်ခန္ဓာကို တံတားအဖြစ် ဝမ်းလျားမှောက်ပြီး အရှင်ဘုရားတံတားအဖြစ် တပည့်တော် ကျောပေါ်မှ လျှောက်လှမ်းသွားပါဘုရား ဟုလျှောက်ထား၏။ ထိုသို့ ဘုရားရှင်နှင့် ရဟန်းတော်များ သုမေဓာ ရှင်ရသေ့ပေါ်မှ ဖြတ်လျှောက်သွားပြီးနောက်  သုမေဓာ ရှင်ရသေ့ က တပည့်တော်သည်  အရှင်ဘုရားကဲ့သို့ ဘုရားဧကန် ဖြစ်ရပါလို၏ ဟုဆုတောင်းလိုက်လေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က သုမေဓာရှင်ရသေ့ သင်သည် ဤကောင်းမှု ကုသိုလ်ကြောင့် လာမည့် ဘဒ္ဒကမ္ဘာ မှာဂေါတမ ဟုပွင့်တော်မူခြင်း ဧကန်ဖြစ်စဟု ဗျာဒိတ် ဆုပေးခဲ့ပါသည်။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်လုပ်ကာ ဆုတောင်းခဲ့ခြင်းကြောင့် သုမေဓာရသေ့သည် ယခု ကျွန်ုပ်တို့၏ ဂေါတမမြတ်စွာဘုရား ဟူ၍ ပွင့်တော်မှုခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသွား ယတြာ ချေ ကာ ကောင်းမှုကုသိုလ် လုပ်ပြီး ဆုတောင်းခြင်းကြောင့် အောင်မြင်မှုရပြီး ကြိုးစားမှုဖြင့်ထူးချွန်ကြပါမည်။
 
ဤသည်ကို အမှီပြု၍ ကျွန်တော် အိန္ဒိယ၌ ဒေါက်တာဘွဲ့ သွားယူစဉ်က ဗုဒ္ဓဂယာ ဘုရားပွင့်ရာ ဗောဓိညောင်ပင်အရင်း ၌ တိဘက်ပြည်က လူတွေသည် ပျဉ်ပြားလေးခင်း ခင်းပြီး ဝမ်းလျားထိုး၍ ဝမ်းလျားမှောက်ကာ ဘုရားကို ဆုတောင်းနေကြသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရပါသည်။
 
ထို့ကြောင့် ၂၀၁၃ ခုနှစ် မတ်လတွင် စာမေးပွဲ ဖြေဆိုကြမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အားလုံးဖြေဆိုနိုင်ပြီး ဘ၀ရဲ့အောင်မြင်မှု ပန်းတိုင်ကြီးကို အန္တရာယ် ကင်းဘေးရှင်း စွာ ကျန်းမာစွာဖြင့် ရယူပိုင်ဆိုင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သလိုက် ရပါသည်။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1