Sunday, March 24, 2013

လေးထပ်အဆောက်အဦးမှန်သမျှ ကားပါကင်ထည့်သွင်းရတော့မည့် မန္တလေးမြို့

Ever November | 3/24/2013 11:33:00 AM | Best Blogger Tips
မန္တလေးမြို့တွင်  အသစ်တည်ဆောက်မည့် လေးထပ်အဆောက်အဦးတိုင်း၌ ကားပါကင်ထည့်သွင်း ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။
 
မန္တလေးမြို့တွင် တိုက်တာအဆောက်အဦးများအား  အထပ်မြင့်တည်ဆောက်လျှင်ယာဉ်ရပ်နားရန်အတွက်   နေရာတစ်ခုကို ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်မှစတင်ကာ ထည့်သွင်းဆောက်လုပ်ရမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
 
ယာဉ်စီးရေတိုးတက်များပြားလာခြင်းနှင့်အတူလူနေအိမ်ခြေသိပ်သည်းမှုများဖြစ်ပေါ်လာခြင်း၊ကုန်ပစ္စည်းရောင်း ချသော ဆိုင်များတိုးတက်များပြားလာခြင်းကြောင့် ယာဉ်ရပ်နားမှု အခက်အခဲဖြစ်ခြင်းနှင့်လမ်းပေါ်တွင် ယာဉ်ရပ် နားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခြင်းအား လျော့ချနိုင်ရန်အတွက် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်သည်ဟုသိရ သည်။
 
`လမ်းပေါ်မှာယာဉ်ရပ်နားမှု လျှော့ချဖို့အတွက် အဆောက်အအုံတွေမှာ ယာဉ်ရပ်နားတဲ့နေရာထည့်သွင်းရပါမယ်၊ ပြီးတော့ ၂၀၁၃-၁၄ဘဏ္ဍရေးနှစ်အတွင်းမှာ လေးထပ်မြင့် အဆောက်အအုံကစပြီး အကောင်အထည်ဖော်   ဆောင်ရွက်သွားဖို့ရှိပါတယ်´ဟု စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
မန္တလေးမြို့တွင် လူဦးရေ(၁၃)သိန်းကျော်နေထိုင်လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုကာ လူဦးရေးတိုးမြင့်လာ  ခြင်းကြောင့်အဆောက်အဦးလိုအပ်ချက်များအပြင် နေ့စဉ်သယ်ယူပို့ဆောင်ရေးအ
တွက် အသုံးပြုရသော   မော် တော်ယာဉ်များမှာလည်း သုံးစွဲမှုနှုန်းတိုးလာခြင်းကြောင့် ယခုအခါ မန္တလေးခရိုင်(၇)မြို့နယ် အတွင်း မော်တော်ဆိုင်ကယ်စီးရေ(၄)သိန်းကျော်၊ မော်တော်ကား ခုနှစ်သောင်းကျော်အထိများပြားလာခြင်းကြောင့် ယာဉ်ရပ်နားရန်နေရာ လိုလားချက်များလားခြင်းဖြစ်သည်။
 
ထို့အပြင်ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန်အတွက်လမ်းသစ်များဖောက်လုပ်ခြင်း၊လမ်းအကျယ်ပေများ ချဲ့ထွင်ခြင်း၊လမ်းများပြုပြင်ဆောင်ရွက်ခြင်း၊လမ်းများအရည်အသွေးမြင့်တင်ခြင်းများကိုလုပ်ဆောင်လျက်ရှိပြီး ၂၀၁၃ခုနှစ်ဖေဖော်ဝါရီလအထိလမ်းအမျိုးအစား၅၃မျိုး၊မိုင်ရှည်၂၅.၇၄မိုင်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း၊အဓိက လမ်းမကြီးများဖြစ်သည့် ၆၂လမ်း ယာဉ်ကြောရှုပ်ထွေးမှုကိုလျော့ချရန်အတွက် ၅၈လမ်းအား၄၈ပေချဲ့ထွင်ခြင်း၊ ၇၃လမ်းအားယာဉ်ကြောလျော့ချရန်အတွက် ၂၇လမ်းအား ပေ၆၀ချဲ့ထွင်ခြင်းတို့ကိုပြုလုပ်ပေးခဲ့ကြောင်းကို လည်းသိရသည်။
 
မြို့တော်ဖွံ့ဖြိုးတိုးတက်မှုမှာ လမ်းပိုင်းဆိုင်ရာများတိုးတက်မှုပိုင်းနှင့်လည်းဆက်စပ်လျက်ရှိသောကြောင့် လမ်းပိုင်းဆိုင်ရာများကို ပိုမိုတိုးတက်စေရန်လုပ်ဆောင်လျက်ရှိကြောင်း၊ပြည်သူများအနေဖြင့်လည်း ယာဉ်ကြော ပိတ်ဆို့မှုပိုင်းမဖြစ်စေရန် ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်းကိုလည်းသိရ သည်။

မင်းခန့်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1