Sunday, March 24, 2013

QPRနှင့် စာချုပ်ကုန်လျှင် ကစားသမား ဘဝမှ ပါ့ခ်ဂျီဆန် အနား ယူဖွယ်ရှိ

Ever November | 3/24/2013 10:59:00 AM | Best Blogger Tips

QPR အသင်း ကွင်းလယ် ကစားသမား ပါ့ခ်ဂျီဆန်သည် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဘောလုံးသမား ဘဝမှ အနားယူဖွယ် ရှိနေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးဖူးသည့် ပထမဆုံး အာရှတိုက်သား ကစားသမားအဖြစ် အောင်မြင်ခဲ့သည့် တောင်ကိုရီးယား ကစားသမားသည် QPRတွင် နောက်တစ်ရာသီ ထပ်ကစားရန် စာချုပ်သက်တမ်း ကျန်ရှိနေသေးသည်။ ပါ့ခ်၏ ဖခင်ဖြစ်သူ ပါ့ခ်ဆွန်ဂျောင်က မိမိ၏ သားသည် စာချုပ်သက်တမ်း ကုန်ဆုံးသည့် (၂၀၁၄)နွေရာသီတွင် ဘောလုံးသမား ဘဝကို ကျောခိုင်းနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ တောင်ကိုရီးယားမှ K-League ပြိုင်ပွဲဝင် အသင်းများက ပါ့ခ်အား ဆက်သွယ် ခဲ့သော်လည်း ပါ့ခ်သည် ကစားသမား ဘဝကို အပြီးတိုင် အဆုံး သတ်ရန်သာ အဓိက စဉ်းစားနေကြောင်း ဖခင်က ပြောကြားသွားသည်။
ကစားသမား ဘဝ (၁၄)နှစ် ကြာမြင့်ချိန်တွင် ပါ့ခ်အနေဖြင့် ကစားသမား ဘဝကို ကျောခိုင်းနိုင်ကြောင်း ဖခင်ဖြစ်သူက သုံးသပ်ခဲ့ရာ "ကျွန်တော့်သားဟာ ဒီရာသီ QPRမှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းနေရပါတယ်။ ဒါဟာ သူ့အတွက်တော့ အတွေ့အကြုံသစ်ပါပဲ။ သူဟာ PSVအင်ဒိုဗန်နဲ့ မန်ယူအသင်းတွေမှာ ဒါမျိုး မကြုံခဲ့ဖူးဘူးလေ။ သူ့အနာဂတ်ကို ဘယ်သူမှ မသိပါဘူး။ သူဟာ နောက်တစ်နှစ်လောက်တော့ QPRမှာ ကစားနိုင်ပါသေးတယ်။ ပြီးရင်တော့ ပါ့ခ်အနေနဲ့ ကစားသမား ဘဝက အပြီးတိုင် နားဖို့ စိတ်ပိုင်းဖြတ်လိုက်မယ် ထင်ပါတယ်"ဟု ပြောဆိုသွားခဲ့သည်။
အသက်(၃၂)နှစ်ရှိ ပါ့ခ်သည် PSVနှင့် နယ်သာလန် အမှတ်ပေး ချန်ပီယံဘွဲ့ (၂)ကြိမ် ရယူခဲ့ဖူးပြီး မန်ယူတွင် ကစားသည့် (၇)နှစ်အတွင်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၄)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား (၁)ကြိမ်ကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1