Monday, April 1, 2013

Android အခြေခံ မိုဘိုင်းဖုန်း OS အသစ်ကို Facebook မိတ်ဆက်ဖွယ်ရှိ

Ever November | 4/01/2013 10:17:00 PM | Best Blogger Tips

                                         (ဧပြီ ၄ ရက် အခမ်းအနားအတွက် Facebook ၏ ဖိတ်ကြားစာ)
မကြာခဏ ခန့်မှန်းခံရသော်လည်း လက်တွေ့တွင် တစ်ကြိမ်မျှ အကောင်
အထည် ပေါ်မလာသေးသည့် Facebookဖုန်း ပုံပြင်သည် အသွင်ကွဲ တစ် မျိုးဖြင့် အားကောင်းလာပြီး Google၏ Android စနစ်ကို အခြေခံသည့် OSစနစ် တစ်ခုကို Facebookက ဖန်တီးနေကြောင်း သတင်းများက ရေးသားလာခဲ့သည်။
Facebookသည် ယခုအခါ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် စမတ်ဖုန်း OS အမျိုးအစားသစ်တစ်ခု ထုတ်လုပ်ရန် အသင့်ရှိနေပြီဟု သတင်းများ ထွက်ပေါ်လာပြန်သည်။

မကြာခဏ ခန့်မှန်းခံရသော်လည်း လက်တွေ့တွင် တစ်ကြိမ်မျှ အကောင်အထည် ပေါ်မလာသေးသည့် Facebookဖုန်း ပုံပြင်သည် အသွင်ကွဲ တစ်မျိုးဖြင့် အားကောင်းလာပြီး Google၏ Android စနစ်ကို အခြေခံသည့် OSစနစ် တစ်ခုကို Facebookက ဖန်တီးနေကြောင်း သတင်းများက ရေးသားလာခဲ့သည်။

 
အစောပိုင်းက Facebookသည် ပိုမိုသစ်လွင်အဆင်ပြေ ကောင်းမွန်သည့် Androidသုံး Appတစ်ခုကို ထုတ်ဝေမည်ဟုထင်ကြေးများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖုန်းOS ပုံစံကွဲတစ်ခုကို ဖန်တီးနေ သည်ဟု ယူဆစရာ ဖြစ်လာသည်

Facebookသည် ဧပြီ ၄ ရက် အခမ်းအနားတွင် မီဒီယာများကို ဖိတ်ခေါ်ကာ ၎င်းတို့၏ Android အခြေခံ OSပုံစံသစ်ကို ပြသဖွယ် ရှိနေသည်။ TechCrunch၏ လေ့လာသူ ဂျော့ရှ်ကွန်စတင်းက "နီးစပ်တဲ့ သတင်း ရင်းမြစ်တွေရဲ့ အပြောအရတော့ Androidကို အဆင့်မြှင့် မွမ်းမံထားတဲ့ Version တစ်မျိုးလို့ ယူစရာပဲ။

အထူးသဖြင့် Facebookရဲ့ သီးခြား အပိုဆောင်း လုပ်ငန်းတွေကို ထဲထဲဝင်ဝင်သုံးနိုင်ဖို့ ပိုရည်ရွယ်ပုံ ရတယ်" ဟု ပြောကြားခဲ့သည်။ Facebookသည် ယင်းOSကို အခြေပြုကာ Facebookဖုန်း တစ်မျိုးကို ရောင်းချရန် လည်း ရှိလာနိုင်ပြီး Hardwareပိုင်းကို HTCက တာဝန်ယူဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Source: Business Insider
Planet Myanmar Network

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1