တပ်ဆင်မှုရပ်ဆိုင်းထားပြီလို့ ကြေညာထားတဲ့ CDMA 800 မဂ္ဂါဟပ်ဇ်ဖုန်းတွေကိုပါ ရောင်းချပေးမယ်
အခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့
 ၁ လကို ၃ သိန်းခွဲ ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာန 
ပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်းတင်က ပြောကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ 
သိရပါတယ်။
 
 မိုဘိုင်းဖုန်း 
ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု 
ရပ်ဆိုင်းထားပြီလို့ ကြေညာထားတဲ့ CDMA 800 မဂ္ဂါဟပ်ဇ်ဖုန်းတွေကိုပါ 
ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေ ၀ယ်နိုင်တဲ့ 
ဈေးနှုန်းနဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ်ကြေညာတာတော့ 
မရှိသေးပါဘူး။
 
 ဖုန်းရောင်းချမှုတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ 
အစိုးရပိုင်းကပဲ လုပ်ကိုင်သွားမှာဖြစ်ပြီး ပုဂ္ဂလိကတွေကို ရောင်းခိုင်းဖို့ 
အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
 
 လာမယ့် ၂၀၁၄ နှစ်လယ်အထိ  
မြန်မာ့ဆက်သွယ်ရေးကပဲ ဆင်းကဒ်တွေကို အရည်အတွက် အကန့်အသတ်နဲ့ 
ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီ အချိန်ရောက်ရင် အခြား ပုဂ္ဂလိကပိုင်းက 
ဝင်ရောက် လုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက် ဆင်းကဒ်တွေကိုလိုသလောက်ရောင်းချပေးနိုင်မယ်လို့ ပြည်ထောင်စုဒုဝန်ကြီး ဦးသောင်းတင်က ရှင်းပြပါတယ်။
DVB 
 
 
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment