Saturday, April 6, 2013

အိန္ဒိယတွင် ခုနစ်ထပ်တိုက်ကြီးပြို သေဆုံးသူ ၂၉ ဦးရှိ

Ever November | 4/06/2013 02:11:00 PM | Best Blogger Tips

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာထရာ ပြည်နယ်တွင် ဧပြီ ၄ ရက် ညနေပိုင်းက ဆောက်လက်စ အဆောက်အအုံ တစ်လုံး ပြိုကျမှုကြောင့် ၂၉ ဦးသေဆုံးပြီး ၆ဝ ကျော် ဒဏ်ရာရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ အထပ်ခုနစ်ထပ်ရှိ အဆိုပါ အဆောက်အအုံသည် မဟာရာထရာပြည်နယ် မွမ်ဘိုင်းမြို့အနီး သိမ်းအရပ်တွင် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲက ပြိုကျခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အအုံ အပျက်အစီးများအတွင်း ပိတ်မိနေသူ အများအပြား ရှိနေသေးကြောင်း၊ သေဆုံးသူများကိုလည်း ဆွဲထုတ်ယူခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ တက်ရောက်ခွင့် ပြုထားကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းအဆောက်အအုံသည် ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်နေခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1