Saturday, April 6, 2013

ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ

Ever November | 4/06/2013 10:41:00 AM | Best Blogger Tips
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိရထားလိုင်းအချို့အားဧပြီ၁၄ရက်မှ၁၆ရက်နေ့အထိရပ်နားသွားမည်ဖြစ်ကြောင်း
 မြန်မာမီရထားက သိရှိရသည်။
 
လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန်ခက်ခဲသောနေရာများတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကိုရပ်နားခြင်းမပြုကြောင်း၊ရထားများပြုပြင်ထိန်းသိမ်းရန်နှင့်ခရီးသွားများသွားလာမှုနည်း
 နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ်အားလုံးကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။
 
ရပ်နားမည့်မီးရထားများမှာ ရန်ကုန်-မန္တလေးလမ်းပိုင်း အမှတ်၅ အစုန်၊အမှတ် ၆အဆန်၊ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအမှတ်၃၅အစုန်၊အမှတ်၃၆အဆန်၊မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအမှတ်၃၇အစုန်၊အမှတ်၄၈အဆန်၊ အမှတ်၅၇အစုန် ၊အမှတ်၅၈အဆန်၊ ရန်ကုန်-နေပြည်တော် အမှတ် ၅၇အဆန်၊အမှတ်၅၈အစုန်၊ရန်ကုန်-ပုဂံ အ မှတ် ၆၁၊အမှတ်၆၂ ၊RBE ရထားများပြေးဆွဲသည့် ရထားလမ်းပိုင်းအားလုံး ပါဝင်သည်။
 
ခရီးတိုပြေးဆွဲသည့်ရထားလမ်းပိုင်းအားလုံးစသည့်မီးရထားလမ်းပိုင်းများသာပြေးဆွဲမှုအားအလိုက် မြန်မာနိုင်
ငံတစ်ဝှမ်းလုံးရှိမီးရထားလိုင်းများသုံးရက်ခန့်ပြေးဆွဲမှုရပ်နားထားမည်ဖြစ်သည်ဟု မြန်မာမီးရထားသတင်း
ထုတ် ပြန်ချက်များအရသိရသည်။
 
သင်္ကြန်ရက်ပိုင်းအတွင်းခရီးသွားများသွားလာမှု လျော့နည်းသည့်ဟုဆိုသော်လည်းလက်တွေ့ပုံမှန်ရက်များ ထက် ပိုမိုသွားလာမှုရှိသဖြင့်လက်မှတ်များဝယ်ယူရာတွင်အဆမတန်ဈေးကြီးမြင့်မှုများရှိလာနိုင်ခြင်းကြောင့် စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိမှုကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။
 
`မှောင်ခိုဈေးကွက်ပျောက်အောင်ယခင်ကတည်းကစည်ကမ်းချက်တွေချမှတ်ထားပြီးဖြစ်ပါတယ်၊အခုလည်း ဒီစည်းကမ်းချက်အတိုင်းပါပဲမပြောင်းလဲပါဘူး၊ဒါပေမယ့်ဂရုပြုစစ်ဆေးသွားဖို့တော့ရှိပါတယ်၊တွေ့ရှိရင်လည်း အ ရေးယူဆောင်ရွက်သွားမှာပါ စစ်ဆေးတွေ့ရှိခဲ့ရင်ငွေဒဏ်အပြင် ထောင်ဒဏ်အထိ ချမှတ်တာမျိုးတွေအထိရှိခဲ့ပါ တယ်´ဟု မြန်မာမီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မင်းခန့်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1