Thursday, April 25, 2013

ခေါင်းအုံးနှင့်ကျန်းမာရေး

Ever November | 4/25/2013 01:25:00 PM | Best Blogger Tips
မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွား တတ် သည်။ ဦးခေါင်းမှ စိမ့်ထွက် သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ် သည်။ ခေါင်းအုံးထဲ သွတ် ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွား လာ တတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံး ထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ ရှိသဖြင့် အနာရောဂါ ကူးစက်တတ် သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေး ရမည့် အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်း ပေးရပါမည်။ အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင် အောင် လျှော်ဖွပ် ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါ သည်။

Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1