Tuesday, April 23, 2013

မြေငလျင်ဒဏ်ခံခဲ့ရသောဒေသ၌ရွေ့လျားရေအိမ် အလျင်အမြန်လိုအပ်

Ever November | 4/23/2013 02:25:00 PM | Best Blogger Tips

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ မြေငလျင်ဒဏ် ခံစားခဲ့ရသောလူရှန်ခရိုင်တွင် ရွေ့လျား
ရေအိမ်များ အလျင်အမြန် လိုအပ်လျက်ရှိသည်ဟု ဆင်ဟွာ သတင်းထောက်တစ်ဦးက ဧပြီ ၂၂ ရက်တွင် သတင်းပေးပို့ခဲ့သည်။ လက်ရှိ အသုံးပြုနေသော ရေအိမ်များတွင် ရေသုံးရသည်မှာ အဆင်ပြေမှုမရှိဘဲ ပြည်သူ့ကျန်းမာရေး ထိခိုက်နိုင်ဖွယ်ရှိသည်။ အိမ်ထဲရှိ ရေအိမ်များမှာလည်း မြေငလျင်ကြောင့် ပျက်စီးမှုများရှိသဖြင့် အန္တရာယ်ကင်းစွာ အသုံးပြု၍ မဖြစ်နိုင်တော့ဟု သိရှိရသည်။ ဧပြီ ၂ဝ ရက် ပေကျင်းစံတော်ချိန် ၈ နာရီ ၂ မိနစ်တွင် ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ မြေငလျင် လူရှန်ခရိုင်၌ လှုပ်ခတ်ခဲ့ရာ လူ ၁၈၆ ဦးထက်မနည်း သေဆုံး၍ ၁၁၃၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ် အရေးပေါ် ကယ်ဆယ်ရေး ဌာနမှ နောက်ဆုံးရရှိသော စာရင်းများ၌ ဖော်ပြထားသည်။ ရုရှားနိုင်ငံကလည်း အဆိုပါ မြေငလျင်ဒဏ် ခံခဲ့ရသော တရုတ်နိုင်ငံသို့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ၌ ကူညီထောက်ပံ့ပေးရန် ကယ်ဆယ်ရေးအင်အား ၇၁ ဦးကိုလေယာဉ်ဖြင့် ဆိုက်ဘေးရီးယားဒေသမှ တရုတ်နိုင်ငံသို့ နာရီပိုင်းအတွင်း စေလွှတ်ပေးမည်ဟု ဆိုက်ဘေးရီးယားဒေသ အရေးပေါ်ကယ်ဆယ်ရေးဌာန သတင်းထုတ်ပြန်ရေးဌာနက ဒေသဆိုင်ရာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မက္ကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (အက်စ်အေအာရ်) အစိုးရသည် စီချွမ်ပြည်နယ် ယာအန်ဒေသရှိ မြေငလျင် ကယ်ဆယ်ရေးအတွက် ဧပြီ ၂၂ ရက်က အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းလှူဒါန်းခဲ့သည်။ 

(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1