Monday, April 29, 2013

မန်ယူ ချန်ပီယံ ဖြစ်လာသည့် အကြောင်းရင်းသည် ဗန်ပါစီ မဟုတ်ဘဲ မန်စီးတီး ခြေပျက်ခြင်းကြောင့်ဟု ဝင်းဂါးသုံးသပ်

Ever November | 4/29/2013 11:26:00 AM | Best Blogger Tips

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက မန်ချက်စတာ ယူနိုက်တက် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခြင်းသည် ရော်ဘင် ဗန်ပါစီကို ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် ဆိုသော အချက်ကို ပယ်ချခဲ့ပြီး အဓိက အကြောင်းရင်းမှာ မန်ချက်စတာ စီးတီး၏ ခြေပျက်သွားမှုကြောင့်ဟု ပြောကြားသွားသည်။
ပရိသတ် အများအပြားက အာဆင်နယ် အသင်းခေါင်းဆောင် နယ်သာလန် တိုက်စစ်သမားကို မန်ယူက ခေါ်ယူနိုင်ခဲ့ခြင်းသည် ပရီးမီးယားလိဂ်တွင် ပွဲစဉ်မကုန်မီ ဗိုလ်စွဲနိုင်ရေးအတွက် အဓိက အကျဆုံး အကြောင်းရင်းဟု မှတ်ယူခဲ့ကြသော်လည်း ဝင်းဂါးကမူ ယင်းအချက်ကို လက်မခံချေ။ ပြင်သစ်သား မန်နေဂျာကြီးက ယနေ့ည အမ်းမရိတ်စ်တွင် တပည့်ဟောင်း၏ အသင်းကို လက်ခံရင်ဆိုင်မည့် ပွဲစဉ် မတိုင်မီ မန်ယူ၏ ချန်ပီယံလမ်းကြောင်း လွယ်ကူစေခဲ့ခြင်းသည် မန်စီးတီး၏ ကျဆင်းမှုကြောင့်သာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
"ဗန်ပါစီကြောင့် မန်ယူ ချန်ပီယံ ဖြစ်ခဲ့တယ် ဆိုတာ မဟုတ်ပါဘူး။ တကယ့် အဓိက ခြားနားမှုက မန်စီးတီး ခြေကျသွားတာပါ။ ဗန်ပါစီကတော့ အကျိုးသက်ရောက်မှု တစ်စုံတစ်ခု ရှိခဲ့တာ အမှန်ပါ။ ဒါကို ကျွန်တော်တို့ ငြင်းလို့ မရဘူး။ ဒါပေမဲ့ အဓိက အချက်က မန်ယူကို ဒီရာသီ ဘယ်ပြိုင်ဘက်မှ နီးနီးစပ်စပ် ကပ်မလိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးလည်း မလုပ်နိုင်ခဲ့ဘူး။ မနှစ်ကဆို သူတို့ဟာ အမြဲတမ်း ထိပ်သီးအဆင့်မှာ ရှိနေတယ်။ မနှစ်က အခြေအနေကို ကြည့်လေ။ ချန်ပီယံ လုပွဲက အမြဲ ကျပ်တည်းနေပါတယ်။ ဒီနှစ်ကျတော့ ချန်ပီယံဆုက တစ်သင်းတည်းအတွက် ဖြစ်လာခဲ့တယ်"ဟု ဝင်းဂါးက ထောက်ပြသွားသည်။

ဝင်းဂါးက မန်ယူအသင်းသည် ယမန်နှစ်ကတည်းက ချန်ပီယံ ဖြစ်နိုင်ခဲ့သည့် အခြေအနေ ရှိကြောင်းလည်း ဆိုသည်။ "သူတို့ဟာ ဂိုးကွာခြားချက်အရပဲ အရေးနိမ့်ခဲ့တာပါ။ တကယ်လို့ နောက်ဆုံးပွဲစဉ်မှာ QPRဟာ တန်းဆင်းဇုန်အတွက် သူတို့ မလုံခြုံသေးဘူးဆိုတာ သိနေရင် သူတို့ အနိုင်တောင် ကစားဖြစ်နိုင်တယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ သူတို့အနေနဲ့ ရှုံးလည်း တန်းမဆင်းရတော့ဘူး။ လုံခြုံသွားပြီဆိုတာ QPRသိသွားတယ်။ ကိုယ်က လုံခြုံသွားပြီဆိုတာ သိရင် တိုက်ပွဲဝင်စွမ်းအား လျော့နည်းသွားတတ်တာ မဆန်းပါဘူး။ ဒီတော့ မန်စီးတီး ပြန်နိုင်သွားတယ်။ သူတို့ ချန်ပီယံ ဖြစ်လာတယ်လေ"ဟု ဝင်းဂါးက ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1