Monday, April 29, 2013

ချီလီမှအသိမ်းခံမြေများ ပြန်ရရေး ဘိုလီးဗီးယား နိုင်ငံတကာတရားရုံးသို့တင်

Ever November | 4/29/2013 11:40:00 AM | Best Blogger Tips

ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ၄င်းပိုင်နယ်မြေများကို ပြန်လည်ရရှိရန်အတွက် နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ နိုင်ငံတကာ တရားရုံးသို့ ဘိုလီးဗီးယားနိုင်ငံက ချီလီနိုင်ငံကို တရားစွဲဆိုလိုက်ပါပြီ။ ၁၉ ရာစုအတွင်းက ချီလီနိုင်ငံနှင့် စစ်ခင်းခဲ့ရာ စစ်ရှုံးခဲ့သဖြင့် ၄င်း၏ ပင်လယ်ကမ်းရိုးတန်း နယ်မြေများ ချီလီ၏ သိမ်းယူခြင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဘိုလီးဗီးယားသည် ကုန်းတွင်းပိတ် နိုင်ငံဘဝသို့ ရောက်ရှိသွားရတော့သည်။ ၄င်း၏တောင်းဆိုမှုသည် သမိုင်းအထောက်အထားအရ လည်းကောင်း၊ ဥပဒေကြောင်းအရ လည်းကောင်း အခြေအမြစ်မရှိ၊ ခိုင်မာမှုမရှိဟု ချီလီနိုင်ငံက တုံ့ပြန်ခဲ့သည်။ ၁၉၇၈ ခုနှစ်မှစ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အကန့်အသတ်ဖြင့်သာ ရှိခဲ့သည်။ နယ်စပ်စည်း ပြန်လည်ရေးဆွဲရေးအတွက် ညှိနှိုင်းရန် ယခင်က ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ဘိုလီးဗီးယား နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ချိုကွီဟွမ်ကာကသည် ဟိတ်မြို့၌ ပြောကြားရာတွင် ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ၄င်း၏ အချုပ်အခြာနယ်မြေများအား ပြန်လည်ပေးအပ်မည့် သဘောတူညီချက်ကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆွေးနွေးပါရန် ချီလီနိုင်ငံသို့ ၄င်း၏နိုင်ငံက တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ချီလီနိုင်ငံပြည်ထဲရေးဝန်ကြီး အန်ဒရေချက်ဝစ်က မည်သည့်ဆွေးနွေးမှုများကိုမူ ပြုလုပ်မည် မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1