Monday, April 29, 2013

သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော ယာဉ်အများစုမှာ ဇိမ်ခံကားများဖြစ်ကြောင်းတွေ့ရ

Ever November | 4/29/2013 11:42:00 AM | Best Blogger Tips
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော ယာဉ်အများစုမှာ ကားလေးအုပ်စု(ဇိမ်ခံကားနှင့် Light Truck)များ ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။
 
ဧပြီ(၁)ရက်နေ့မှ (၁၁)ရက်နေ့ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များကို အမြန်လမ်းမကြီးပေါ်၌ ဖမ်းဆီးရရှိမှုမှာ (၃၈၂) မှုရှိခဲ့ပြီး ဘတ်စ်ကား (၃) စီးပါဝင်ကြောင်း သိရသည်။
 
ဖမ်းမိတဲ့ကားတွေမှာ ကိုယ်ပိုင်ကားတွေများတယ်ဗျ၊ ဖမ်းမိတဲ့ကားတွေကို ကျွန်တော်တို့ချလံဖြတ်ပြီး တရားရုံးမှာ ဒဏ်ငွေသွားဆောင်ခိုင်းတယ်၊ တစ်ချို့ဆိုရင် နှစ်ခေါက်ဖမ်းမိတာတွေရှိတယ်။ ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးဝင်းကပြောသည်။
 
ထိုကဲ့သို့ ဖမ်းဆီးရရှိမှု သုံးခါကျော်သွားလျှင် အခြားနည်းဖြင့် စဉ်းစားအရေးယူသွား မည်ဖြစ်ကြောင်းကိုလည်းဆက်လက်ပြောဆိုခဲ့သည်။
 
အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သောယာဉ်များကို ပညာပေးကာလ အဖြစ် ဖေဖော်ဝါရီလမှ မတ်လကုန်ထိပြုလုပ်ခဲ့ကာ ဧပြီ(၁)ရက်နေ့မှစတင်၍ အရေးယူခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရှိန်တိုင်းကိရိယာ (Reflex Traffic System-Myanmar Mobile Traffic Rader System) အား ဆောက်လုပ်ရေးဝန်ကြီးဌာမှ ၀ယ်ယူထားခြင်းဖြစ်ပြီး ထိုစက်နှစ်လုံးကို သြစတေးလျနှင့် မလေးရှားတို့မှ တင်သွင်းလာခြင်းဖြစ်ကြောင်းသိရသည်။
 
သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ကျပ်(၃၀၀၀၀) ကျပ်သုံးသောင်း မှကျပ် ငါးသောင်း (၅၀၀၀၀)ထိ ဒဏ်ရိုက်နိုင်ကြောင်းကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးကပြောသည်။
 
အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသောမိုင်နှုန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ပြီး အချို့နေရာတွင် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)နှုန်း အချို့နေရာတွင် တနာရီလျှင် ကီလိုမီတာ (၆၀)နှုန်း အသီးသီး  သတ်မှတ်ထားကြောင်းသိရသည်။
 
ရန်ကုန်-အမြန်လမ်းမကြီးပေါ်၌ ၂၀၁၂ ခုနှစ် မေ(၂၀) ရက်မှ ၂၀၁၃ ခုနှစ် မတ်(၁၁)ရက်ထိ ယာဉ်တိမ်းမှောက်မှု(၁၄၁) ကြိမ်နှင့် သေဆုံးသူ (၆၉) ဦးထိရှိခဲ့ပြီး၊ ထိခိုက်သူ (၃၀၄)ဦးရှိခဲ့သည်။ တိမ်းမှောက်မှုများမှာ ယာဉ်အားအရှိန်ပြင်းစွာမောင်းနှင်မှု၊ ယာဉ်မောင်းသူအိပ်ငိုက်မှု၊ မူးယစ်သောက်စားမောင်းနှင်မှုနှင့် ယာဉ်ချွတ်ယွင်းမှုတို့ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ကြေငြာချက်အရသိရသည်။
 
အမြန်လမ်းမကြီးပေါ်တွင်ဆိုင်ကယ်မောင်းနှင်သူများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိပြီး၂၀၁၃ ခုနှစ် ဇန်န၀ါရီ(၁)ရက် မှ မတ်(၁၁)ရက်ထိ ဖမ်းဆီးအရေးယူမှု (၁၂၈၂)စီးရှိခဲ့ကြောင်းသိရသည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1