Thursday, April 11, 2013

အီရန်ငလျင် ၃၇ ဦးသေဆုံးပြီး ၈၅၀ ကျော် ဒဏ်ရာရ

Ever November | 4/11/2013 11:19:00 PM | Best Blogger Tips

အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာမြို့အနီးရှိ ကာကီဒေသတွင် ဧပြီ ၉ ရက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်မှုကြောင့် ၃၇ ဦးထက်မနည်း သေဆုံးပြီး ၈၅ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ ငလျင်သည် ဘူရှီဟာမြို့အရှေ့တောင်ဘက် ကီလိုမီတာ ၃ဝ ခန့်အကွာ ကာကီမြို့တွင် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၂ မိနစ်၌ လှုပ်ခတ်ခဲ့ပြီး မြေအောက် ၁၂ ကီလိုမီတာ အနက်၌ ဗဟိုပြုသွားခဲ့ခြင်းဖြစ်ကြောင်း အီရန်မြေငလျင်တိုင်းတာရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံများဖြစ်သည့် ကူဝိတ်၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) တို့တွင်လည်း အဆိုပါ ငလျင်လှုပ်မှုဒဏ်ကို ခံခဲ့ရသည်ဟု ဆိုသည်။ ဘူရှီဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်လျက်ရှိသော ရုရှားကုမ္ပဏီအနေဖြင့် ယင်းငလျင်ကြောင့် အဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများ ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။ အဆိုပါ နျူကလီးယား ဓာတ်အားပေး စက်ရုံသည် ငလျင်လှုပ်သည့် ဒေသမှ ကီလိုမီတာ ၁၆ဝ ခန့်အကွာနှင့် ဘူရှီဟာတောင်ဘက် ၁၈ ကီလိုမီတာအကွာ၌ တည်ရှိသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1